ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ကပြသီဆိုဖျော်ဖြေ

       ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ဇူလိုင်လ ၂၊ ၃ နှင့် ၄ ရက်တို့တွင် ဝါခုတ် ချောင်းတပ်နယ်နှင့် ဘူးသီးတောင်တပ်နယ်တို့ရှိ နယ်မြေခံတပ်ရင်းခန်းမအသီးသီး၌ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

ထိုသို့ ဖျော်ဖြေတင်ဆက်ရာတွင် စစ်သည်/ စစ်သမီးများက မြန်မာသံစဉ်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်း အဆို/အကများ၊ တေးသရုပ်ဖော်အကများ၊  ရယ်ရွှင်ဖွယ်ရာဟာသပြဇာတ်၊ ဒေသ၏ရိုးရာယဉ်ကျေးမှု အကအလှများ၊ ဗဟုသုတဖြစ်ဖွယ်ရာ အသိပညာပေးအစီ အစဉ်များဖြင့် ကဏ္ဍစုံလင်စွာ သီဆိုကပြဖျော်ဖြေကြပြီး နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူတို့က ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၇-၂၀၂၃)

 

  • ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် နယ်လှည့်ပြည်သူ့ဆက် ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့။

Add new comment