လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်အား ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ ယာယီအကြီးအကဲဖြစ်သူ Ms. Danielle Parry ဦးဆောင်သောအဖွဲ့က ဇူလိုင်လ ၄ ရက်တွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ရာ တွေ့ဆုံစဉ် Ms. Danielle Parry က ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးအပ်လိုသည့်ကိစ္စ၊ OCHA ဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာ ဆိုင်ရာကိစ္စများနှင့် ပြည်တွင်းခရီးသွားလာခွင့်ဆိုင်ရာကိစ္စများ တင်ပြခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီ (၁၂) ရပ် ဖွဲ့စည်းထားရှိမှု၊ မိုခါဆိုင်ကလုန်းမုန်တိုင်းအတွက် နိုင်ငံတကာအကူအညီများနှင့်စပ်လျဉ်း၍ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ ညှိနှိုင်းဆောင်ရွက် ပေးနေမှု၊ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ နိုင်ငံတကာအကူအညီများပေးပို့ရန်အတွက် ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းယန္တရားတစ်ရပ်ဖော်ဆောင်ရေး ဆောင်ရွက်နေမှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် OCHA တို့အကြား သဘောတူ ညီမှုစာလွှာ (LoA) သက်တမ်းတိုးလက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၇-၂၀၂၂)
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် Ms. Danielle Parry တို့တွေ့ဆုံ၍ ရခိုင်ပြည်နယ်အပါအဝင် မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ နိုင်ငံတကာအကူအညီများပေးပို့ရန်အတွက် ဆောင်ရွက်နေမှုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် OCHA တို့အကြား သဘောတူညီမှုစာလွှာ (LoA) သက်တမ်းတိုး လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
Add new comment