မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် သာသနိကအဆောက်အဦများအား ပြန်လည်ပြုပြင်ဆောင်ရွက်ရန် Ling Jiou Mountain(H.K) Buddhist Society Limited နှင့် White Jade Wang Interprise Co.,Ltd တို့မှ အလှူငွေပေးအပ်

         မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများမှ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Ling Jiou Mountain (H.K) Buddhist Society Limited နှင့် White Jade Wang Interprise Co.,Ltd တို့မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၃ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် Ling Jiou Mountain (H.K) Buddhist Society Limited မှ အလှူငွေကျပ်သိန်း ၁၀၀ နှင့် White Jade Wang Interprise Co.,Ltd မှ  အလှူငွေကျပ်သိန်း ၃၀၀ စုစုပေါင်းအလှူငွေကျပ်သိန်း ၄၀၀ ကို ပေးအပ်လှူဒါန်းခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၇-၂၀၂၃)

 

  • မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများမှ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Ling Jiou Mountain (H.K) Buddhist Society Limited နှင့် White Jade Wang Enterprise Co.,Ltd တို့မှ စုစုပေါင်းအလှူငွေကျပ်သိန်း ၄၀၀ ကို ပေးအပ်လှူဒါန်းခဲ့။

Add new comment