နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁/၂၀၂၂)ကို ဇန်နဝါရီလ ၂၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင်-

  • တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် အလုပ်သဘောချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပြီး ဧပြီလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး ဘုံသဘောတူညီချက် ၅ ချက်နှင့်ပတ်သက်၍ ဦးတည်ဆွေးနွေးနိုင်ခဲ့ကြောင်း။
  • ပထမဆုံးအချက်ဖြစ်သည့် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် အကြမ်းဖက်မှုရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် အကြမ်းဖက်အဖွဲ့များ၏ ကွဲပြားခြားနားမှုများ၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အမြဲမပြတ် ဆောင်ရွက်နေမှုများနှင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေးဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်း။
  • အာဆီယံလူသားချင်း စာနာထောက်ထားမှုနှင့်သက်ဆိုင်သည့် ထောက်ပံ့ပစ္စည်းများ ကူညီထောက်ပံ့နိုင်ရေးဆိုင်ရာကိစ္စများကိုလည်း ဆွေးနွေးနိုင်ခဲ့ပြီး မိမိတို့အနေဖြင့် လက်ခံပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း။
  • သာမန်ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူမှု၊ အကြမ်းဖက်မှု၊ ဖောက်ခွဲဖျက်ဆီးမှုနှင့် သတ်ဖြတ်မှုများအထိဆောင်ရွက်လာခဲ့ကြကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် တတ်နိုင်သမျှထိန်းသိမ်းဆောင်ရွက် နေခြင်းဖြစ်ကြောင်း။
  • မိမိတို့တာဝန်ယူချိန်တွင် နိုင်ငံ၏စီးပွာရေးပြန်လည်ကောင်းမွန်စေရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သဖြင့် အဆိုပါအားသာချက်ကို အသုံးချရမည်ဖြစ်ကြောင်း၊ ယခုအခါ စားသောက်ကုန်များ အထိုက် အလျောက်ထုတ်လုပ်နိုင်ခဲ့ ၍ ပြည်ပပို့ကုန်များကို တိုးမြှင့်တင်ပို့နိုင်ပြီဖြစ်ကြောင်း။
  • လူမှုရေးနှင့်ပတ်သက်၍ စာသင်ကျောင်းများအား ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရပြီး ယခုအခါ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ နိုင်ငံ၏အနာဂါတ်အတွက် ကျောင်းသား၊ ကျောင်းသူများအားလုံး စာမေးပွဲအောင်ရုံသာမက အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရန် လိုကြောင်း။
  • ပညာရေးနှင့်ပတ်သက်၍ တတ်နိုင်သမျှ ရာနှုန်းပြည့်တိုးတက်စေရေး ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ တက္ကသိုလ်များကိုလည်း ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းတက်ရာခိုင်နှုန်းများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိ ကြောင်း။
  • ကျန်းမာရေးနှင့်ပတ်သက်၍ ဆရာဝန်များ CDM ပြုလုပ်ကြပြီး ဆူပူအကြမ်းဖက်သည့်အဖွဲ့များတွင် သွားရောက်နေကြသူများနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ခြင်း၊ ကိုယ်ပိုင်ဆေးခန်းများဖွင့်လှစ်ခြင်းနှင့် ပြည်ပသို့ သွားရောက်ခြင်းများရှိသဖြင့် မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေမှုများရှိကြောင်း။
  • လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ များနှင့် တွေ့ဆုံဆွေးနွေးမှုများ အမြဲမပြတ်ဆောင်ရွက်လျက်ရှိပြီး လက်မှတ်ရေးထိုးထားခြင်းမရှိသောအဖွဲ့များနှင့်လည်း အလွတ်သဘောဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း။
  • လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့ထဲတွင်ပါဝင်သည့် KIA နှင့် KNPP အဖွဲ့တို့သည် CDM ပြုလုပ်ခဲ့သည့်အဖွဲ့များကို ထောက်ပံ့ပေးပြီး ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများဖွင့်လှစ်ပေးခြင်းနှင့် လက်နက်ခဲယမ်းများထောက်ပံ့ပေးခြင်း၊ ၎င်းတို့ကိုယ်တိုင် အကြမ်းဖက်လုပ်ရပ်များတွင်ပါဝင်၍ လမ်းကြောင်းများ၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။
  • ယခုအခါကယားပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး မိမိတို့အနေဖြင့် ဒေသတည်ငြိမ်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းပြည်နယ်၊ ထန်တလန်မြို့တွင်လည်း ချင်းပြည်နယ် NLD အဖွဲ့နှင့် CNF အဖွဲ့များပူးပေါင်း၍ အကြမ်းဖက်မှုများနှင့် မီးရှို့ဖျက်ဆီးခဲ့မှုများကြောင့် အပြစ်မဲ့ ပြည်သူများ၏ အိမ်များမီးလောင်ကျွမ်းပျက်စီး ဆုံးရှုံးခဲ့ရကြောင်း။
  • စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်လည်း အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် CDM ပြုလုပ်ပြီး အကြမ်းဖက်မှုများ ဆောင်ရွက်နေသူများအား ဖမ်းဆီးရမိခဲ့ပြီး အချို့ကိုလည်းသတင်းထုတ်ပြန်ပေးခဲ့ပြီးဖြစ်ကြောင်း။
  • ယခုအခါ ပစ်ခတ်သတ်ဖြတ်မှုများ နည်းပါးလာပြီဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများနှင့် ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးဝန်ထမ်းများအား အကြောင်းမဲ့သတ်ဖြတ်ခြင်းသည် နိုင်ငံတော်အစိုးရအား ဆန့်ကျင်ခြင်းမဟုတ်ဘဲ တိုင်းပြည်ပျက်စီးစေရန်အတွက် ပြုလုပ်နေသော မိုက်မဲသည့်အပြုအမူများပင် ဖြစ်ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့သည် နိုင်ငံတော်အတွက် ထူးခြားလေးနက်သည့်နေ့တစ်နေ့ဖြစ်ပြီး မိမိအနေဖြင့် ယခုနှစ်တွင် နိုင်ငံ၏အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်းရရှိခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်တွင်အခြေခံပြီး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်ပါဝင်သည့် ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန်အတွက် မိမိထံသို့ မကြာခဏလာရောက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုသွားနေခြင်းဖြစ်ကြောင်း။
  • ပြည်ထောင်စု ဟူသောစကားသည် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သဖြင့် မိမိတို့အနေဖြင့် အလေးထားအကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံးတူညီသည့် အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်း ဦးစားပေး၍မရနိုင်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင်အခြေခံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ထိခိုက်မှုမရှိပါက လက်ခံဆွေးနွေးသွားမည်ဖြစကြောင်း။
  • ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ ပြည်နယ်နှင့်တိုင်း ဖွံ့ဖြိုးတိုးတက်မှုများတွင် မမျှတမှုများရှိသဖြင့် တစ်နိုင်ငံလုံးရှိဒေသအားလုံး ဆူကြုံအနိမ့်အမြင့်ကွာခြားမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုသို့ကွာခြားမှုများကြောင့် ပဋိပက္ခများဖြစ်ပေါ်ခဲ့ရကြောင်း၊ ပညာရေးကွာခြားမှုများ များပြားလွန်း သဖြင့် မိမိတို့အနေဖြင့်  KG+9 ကို ပြည်နယ်နှင့်တိုင်းအားလုံးရအောင် ပညာရေးမြှင့်တင်မှုများ လုပ်ပေးရမည်ဖြစ်ကြောင်း။
  • ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည်တို့ကို ဒေသတွင်း၊ ဒေသလိုက် ကွာခြားချက်မများအောင် လုပ်ဆောင်ရာတွင် ပညာတတ်များ များစွာလိုအပ်ကြောင်း၊ တိုင်းပြည်အနာဂတ်အတွက် ပညာရေးမြှင့်တင်မှုများကို ကျေးလက်အရောက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • ဆရာဝန်များမွေးထုတ်မှုနှင့်ပတ်သက်၍ လာမည့်ပညာသင်နှစ်များတွင် ပညာသင်ကြားရေး၌ နိုင်ငံတော်တာဝန်ထမ်းဆောင်မည့်သူမဟုတ်ဘဲ မိမိကိုယ်ပိုင်ဆေးကုသခြင်းလုပ်ငန်းဆောင်ရွက်မည်ဆိုပါက ပညာသင်ကြားရေးတွင် ငွေကြေးကောက်ခံမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သွားမှ သာ နိုင်ငံတော်ရှိ ဆေးရုံများအတွက်လိုအပ်သည့် ဆေးဝန်ထမ်းများ လုံလောက်စွာ ဖြည့်တင်းနိုင်မည် ဖြစ်ကြောင်း။
  • မိုးစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း ယခုနှစ်အတွင်း စိုက်ပျိုးမှုများအောင်မြင် ဖြစ်ထွန်းပြီး ရာနှုန်းပြည့်နီးပါးအောင်မြင်မှုရရှိကြောင်း၊ စပါးအထွက်နှုန်းအား ယခုထက်ပိုမိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သောကြောင့် နိုင်ငံခြားဝင်ငွေများရရှိမည်ဖြစ်သကဲ့သို့ တောင်သူ များအနေဖြင့် လည်း ငွေကြေးပိုမိုရရှိပြီး ပြည်တွင်းငွေကြေးလည်ပတ်မှု ပိုမိုကောင်းမွန်စေမည်ဖြစ် ကြောင်း။
  • ဒေသဝမ်းစာဖူလုံရေးအတွက် ဒေသအတွင်း စပါးအထွက်နှုန်းတိုးတက်အောင် ကြိုး ပမ်းဆောင်ရွက်၍ ပြင်ပမှဝယ်ယူစားသုံးမှုများလျှော့ချနိုင်ခြင်းဖြင့် ဒေသအတွင်း ငွေကြေးလည်ပတ်သုံးစွဲမှုများ ကောင်းမွန်ပြီး ဒေသတွင်းတိုးတက်မှုကိုဖြစ်ပေါ်စေ မည်ဖြစ်ကြောင်း။
  • နိုင်ငံခြားကုန်သွယ်မှုနှင့်ပတ်သက်၍ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်သည့် နိုင်ငံတိုင်းတွင် ပြည်တွင်းတိုင်းရင်းသားများရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်ကြရကြောင်း၊ မိမိတို့နိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် ပါတီစုံဒီမို ကရေစီစနစ်လျှောက်လှမ်းနိုင်ရေးအတွက် တပ်မတော်က နိုင်ငံတော် တာဝန်အား စတင်တာဝန်ယူချိန်တွင် ဈေးကွက်စီးပွားရေးစနစ်ကို စတင်ဖော်ဆောင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ၁၉၉၀ ပြည့်နှစ်တွင်စတင်လက်ခံခဲ့ကြောင်း။
  • လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံ၌ စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုအများဆုံး၊ တရုတ်နိုင်ငံက ဒုတိယအများဆုံးနှင့် ထိုင်းနိုင်ငံက တတိယအများဆုံးဖြစ်ကြောင်း၊ နိုင်ငံခြားကုန်သွယ်မှုတွင် ယခင်နှစ်များက နှစ်စဉ်လိုငွေ ၁ ဘီလီယံခန့် ရှိခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ခုနှစ်မှစ၍ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၅၃၂ ဒသမ ၃၆ သန်းရှိခဲ့ကြောင်း။
  • အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အုပ်ချုပ်မှုလုပ်ငန်းများ ယခုထက်ပိုမိုအဆင်ပြေချော မွေ့စေရေးအတွက် ခရိုင်အဆင့်များကို ထပ်မံတိုးချဲ့ဖွဲ့စည်းရေး ဆောင်ရွက်လျက်ရှိ ကြောင်း။
  • နိုင်ငံဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး နိုင်ငံများစာရင်း Least Developed Countries တွင် မြန်မာနိုင်ငံအပါအဝင် ၄၆ နိုင်ငံရှိကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံကိုဦးဆောင်သည့် အဖွဲ့အစည်းများက ကြိုးစားနေကြကြောင်း၊ သဘာဝကပေးသော တိုင်းပြည်၏ ထုတ်ကုန်ပစ္စည်းအရ ချမ်းသာခြင်းကို ကျေနပ်နေလို့မဖြစ်ဘဲ နိုင်ငံအားလုံးက ကြိုးစားအားထုတ်မှုဖြင့် အလုပ်လုပ်ကြရမှာဖြစ်ကြောင်း။
  • နိုင်ငံတိုင်းက Movement အားလုံး၊ Activities အားလုံးဖြင့် သွားနေကြချိန်တွင် မကြိုးစားသည့် တိုင်းပြည်က ကျန်ခဲ့မှာဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ကျောင်းများ၊ ဆေးရုံများကို ဖွင့်ပေးထားကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းနှင့်ပတ်သက်၍ လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လမ်းကြောင်း ဖွင့်ပေးထားကာ စနစ်တကျဖြင့်လုပ်ဆောင်ကြရန် အစိုးရဌာနများက ဦးဆောင်ပြီး ပညာပေးထားကြောင်း၊ သို့သော် တစ်ကယ်လုပ်ရမှာက ကာယကံရှင်ကိုယ်တိုင်ပင်ဖြစ်ကြောင်း၊ ဒေသအလိုက်ဆင်းရဲကွာခြားမှု၊ ဆူကြုံနိမ့်မြင့်ကွာခြားမှု ပပျောက်အောင် ကိုယ်တိုင်ကြိုးစားအားထုတ်မှုနှင့် လုပ်ရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်ကလည်း ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း။
  • ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင်လည်း တိုင်းရင်းသားရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်တို့ကို အကြောင်းပြနေခြင်းကြောင့် ငြိမ်းချမ်းရေးမရရှိကြောင်း၊ ငြိမ်းချမ်းရေးတွင် တကယ့် Fair ဖြစ်မည့် အကြောင်းအရာကို ဆွေးနွေးခြင်း၊ နားလည်သည့်သူများက နားမလည်သည့်သူများကို လက်တွဲခေါ်ပေးခြင်းဖြင့် တိုင်းပြည်အကျိုးကို ဆောင်ရွက်ပါက ငြိမ်းချမ်းရေးမရစရာအကြောင်းမရှိကြောင်း၊ ကောင်စီဝင်များအနေဖြင့် အဆိုပါအချက်များကိုလည်း ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တောင်သူလယ်သမားများနှင့် အလုပ်သမားများ၏ တွေ့ဆုံပွဲများကို သင့်တော်သည့်အချိန်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးကိစ္စများ စဉ်းစားဆောင်ရွက်ရာတွင် လူမျိုးစုအနည်းငယ်အတွက်သာ စဉ်းစားဆောင်ရွက်ခြင်း မပြုဘဲ တိုင်းရင်းသားအားလုံး၏အရေးကို စဉ်းစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသား အခွင့်အရေးများနှင့်စပ်လျဉ်း၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • အကျဉ်းသားများ ဥပဒေနှင့်အညီ အခွင့်အရေးရရှိရန် စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများရှိ ယဉ်ကျေးမှုပြတိုက်များကို တိုးချဲ့၍ အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များရှိ စာကြည့်တိုက်များတွင် လိုအပ်သည့်စာအုပ်စာစောင်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရန်ပုံငွေ တိုးမြှင့်ချထားပေးလျက်ရှိကြောင်း။
  • မိမိတို့တာဝန်ယူသည့်အချိန်တွင် ပြည်ထောင်စုနေ့သည် စိန်ရတုနှင့် တိုက်ဆိုင်သည့်အတွက် သမိုင်းမှတ်တမ်းကျန်ရှိစေရန် ခမ်းခမ်းနားနားကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံနှင့် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များဖြစ်သည့် လူနေမှုဘဝ၊ စီး ပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ တိုးတက်ရမည်ဖြစ် ကြောင်း၊ တိုးတက်ရေးအတွက် လေးစားမှုနှင့် အလေးထားမှုသည် အရေးကြီးကြောင်း။
  • မိမိတို့ကောင်စီဝင်များအနေဖြင့် ပြည်သူလူထုကို စည်းရုံးဆောင်ရွက်ကြရာတွင် လေးစားမှုနှင့် အလေးထားမှုကို ရှင်းလင်းဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

  • မိမိတို့တာဝန်ယူချိန်တွင် နိုင်ငံ၏စီးပွာရေးပြန်လည်ကောင်းမွန်စေရေးအတွက် ပြည် တွင်းကုန်ထုတ်လုပ်မှုများကိုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုအခါ စားသောက်ကုန်များ အထိုက်အလျောက်ထုတ်လုပ်နိုင်ခဲ့၍ ပြည်ပပို့ကုန်များကို တိုးမြှင့်တင်ပို့နိုင်ပြီဖြစ်။

  • မိမိတို့အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှု များ အမြဲမပြတ်ဆောင်ရွက်လျက်ရှိပြီး လက်မှတ်ရေးထိုးထားခြင်းမရှိသော အဖွဲ့ များနှင့်လည်း အလွတ်သဘောဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ။

  • ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့သည် နိုင်ငံတော်အတွက် ထူးခြားလေးနက်သည့် နေ့တစ်နေ့ဖြစ်။

  • မိမိအနေဖြင့် ယခုနှစ်တွင် နိုင်ငံ၏အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်းရရှိခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အပေါ်တွင် အခြေခံပြီး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်။

  • ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်တွင်အခြေခံ၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ထိခိုက်မှုမရှိပါက လက်ခံဆွေးနွေးသွားမည်ဖြစ်။

  • ဒေသအလိုက်ဆင်းရဲကွာခြားမှု၊ ဆူကြုံနိမ့်မြင့်ကွာခြားမှု ပပျောက်အောင် ကိုယ်တိုင်ကြိုးစားအားထုတ်မှုနှင့် လုပ်ရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်ကလည်း ဖြည့်ဆည်းပေးရမည်ဖြစ်။

  • တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တောင်သူလယ်သမားများနှင့် အလုပ်သမားများ၏ တွေ့ဆုံပွဲများကို သင့်တော်သည့်အချိန်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိတို့အနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးကိစ္စများ စဉ်းစားဆောင်ရွက်ရာတွင် လူမျိုးစုအနည်းငယ်အတွက်သာ စဉ်းစားဆောင်ရွက်ခြင်းမပြုဘဲ တိုင်းရင်း သား အားလုံး၏အရေးကို စဉ်းစားဆောင်ရွက်ပေးလျက်ရှိ။

  • မိမိတို့တာဝန်ယူသည့်အချိန်တွင် ပြည်ထောင်စုနေ့သည် စိန်ရတုနှင့် တိုက်ဆိုင်သည့် အတွက် သမိုင်းမှတ်တမ်းကျန်ရှိစေရန် ခမ်းခမ်းနားနားကျင်းပဆောင်ရွက်သွားမည်ဖြစ်။

Add new comment