နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၇ ရက်တွင် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁) ရေနံ ချက်စက်ရုံ(သန်လျင်) ပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
စက်ရုံဧည့်ခန်းမဆောင်အတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ညွှန်ကြားရေးမှူးချုပ်တို့က စက်ရုံလည်ပတ်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါ သည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းပါကကုန်ကျမည့် ကုန်ကျစရိတ်နှင့် ပြည်တွင်းရှိ စက်ရုံများကို စွမ်းအားပြည့် ပြန်လည်လည်ပတ်ပြီး ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို ထုတ်လုပ်ပါက ကုန်ကျနိုင်မည့်ကုန်ကျစရိတ်တို့ကို တွက်ချက် စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊
- အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို မူလအခြေအနေအတိုင်း ပြန်လည် လည်ပတ်ထုတ်လုပ်နိုင်ရေးကို ကနဦးဆောင်ရွက်သွားရန်လိုပြီး နောက်ပိုင်း အဆင့်မြှင့်တင်နိုင်မည့်အခြေအနေများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းမှာကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)၊ စက်ရုံဝန်းအတွင်းရှိ ရေနံချက်စက်ရုံ၊ ချောဆီစက်ရုံ၊ ရေနံဓာတ်ငွေ့ရည်သိုလှောင်ကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁၂-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သန်လျင်မြို့နယ်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့် ငွေများ ပေးအပ်ခဲ့။
Add new comment