တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာ တွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- လောင်းလုံမြို့နယ်၊ ညင်းမော်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ ပြည်သူပိုင်ပစ္စည်းများကို ဓားပြတိုက်ခိုးယူသွားဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး အဆိုပါကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်မှ လုံခြုံရေးတာဝန်များ ထမ်းဆောင်ခြင်းမရှိကြောင်းသိရှိရ။
- ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၅ ဦး နုတ်ထွက်စာတင်ထားသော်လည်း ထွက်ခွင့်မရဟူသည့်သတင်းသည် သတင်းအမှားသာဖြစ်ပြီး လက်ရှိမြေပြင်တွင် အဆိုပါသတင်းနှင့်ပတ်သက်၍ နုတ်ထွက်ခြင်းမရှိကြောင်း သိရှိရ။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ဒေသခံပြည်သူများက တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊ ပြည်သူနှင့် တပ်မတော်ပူးပေါင်း၍ အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးဆောင်ရွက်မှုကို ထိခိုက်စေရန်အတွက် မဟုတ်မမှန်လုပ်ကြံ၍ သတင်းအမှားများအား ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၁၂-၂၀၂၃)
|
Add new comment