အမျိုးသားရေးတက်ကြွလှုပ်ရှားသူများသည် မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော တီမောလက်စ်တေနိုင်ငံနှင့် ပြည်ပနိုင်ငံများအား ဆန့်ကျင်ရှုတ်ချပွဲကို ဒီဇင်ဘာလ ၁၃ ရက်တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံဘေး ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါရှုတ်ချပွဲတွင် အမျိုးသားရေး ဆရာတော်ဥူးပညာဝံသက ဟောပြောဆွေးနွေးခဲ့ပါသည်။
ဆန့်ကျင်ရှုတ်ချပွဲသို့ တက်ရောက်လာသူများက သာသနာဖျက်အားပေးတီမော-အလိုမရှိ၊ အကြမ်းဖက်အားပေး တီမော-အလိုမရှိ၊ ပြည်တွင်းရေးစွက်ဖက်သူ- ဒို့ရန်သူ၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော တီမာလက်စ်တေ နိုင်ငံနှင့် ပြည်ပနိုင်ငံများအား- ဆန့်ကျင်ကြစသည့် ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြောင်းနှင့် အဆိုပါရှုတ်ချပွဲအား အမျိုးသားရေးတက်ကြွလှုပ်ရှားသူများအဖွဲ့က ဦးဆောင်၍ နိုင်ငံရေးပါတီဝင်များ၊ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြသည့် ပြည်သူများ ပူးပေါင်းပါဝင်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁၂-၂၀၂၃)
- မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော တီမောလက်စ်တေနိုင်ငံနှင့် ပြည်ပနိုင်ငံများအား ဆန့်ကျင်ရှုတ်ချပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့။
- အကြမ်းဖက်အားပေး တီမော- အလိုမရှိ၊ ပြည်တွင်းရေးစွက်ဖက်သူ- ဒို့ရန်သူ၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော တီမာလက်စ်တေနိုင်ငံနှင့် ပြည်ပနိုင်ငံများအား- ဆန့်ကျင်ကြစသည့် ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့။
Add new comment