အကြမ်းဖက်သမားများသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝထိခိုက်စေရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် စစ်ရေးပစ်မှတ်မဟုတ်သည့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊ မြို့ရွာများ၊ ပညာရေးကျောင်း များ၊ သာသနိကအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဆက်သွယ်ရေးတာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များ၊ စက်ရုံများကို ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိရာ-
- ဒီဇင်ဘာလ ၁၃ ရက်တွင် KNLA နှင့် PDF အကြမ်းဖက်သမားများက မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့။
- အဆိုပါတိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံရှိ 50 MVA Main Transformer ၏ Generator Circuit Breaker၊ အအေးခံကိရိယာနှင့် ကြွေသီး ၂ လုံး၊ 20 MVA Main Transformer ၏ အအေးခံကိရိယာများ ဗုံးစထိမှန် ပျက်စီးခဲ့ပြီး မြို့နယ်အတွင်း ဒေသခံ ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အားပေးပို့မှု ပြတ်တောက်လျက်ရှိ။
- ပျက်စီးခဲ့သည့် ဓာတ်အားခွဲရုံအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်လျက်ရှိ။
KNLA နှင့် PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ များစွာထိခိုက်နစ်နာမှုဖြစ်ပေါ်ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးကို ပြည်သူလူထုနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁၂-၂၀၂၃)
- KNLA နှင့် PDF အကြမ်းဖက်သမားများက မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့။
- အဆိုပါတိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံရှိ 50 MVA Main Transformer ၏ Generator Circuit Breaker ၊ အအေးခံကိရိယာနှင့် ကြွေသီး ၂ လုံး၊ 20 MVA Main Transformer ၏ အအေးခံကိရိယာများ ဗုံးစထိမှန်ပျက်စီးခဲ့ပြီး မြို့နယ်အတွင်း ဒေသခံပြည်သူများထံသို့ လျှပ်စစ်ဓာတ်အားပေးပို့မှု ပြတ်တောက်လျက်ရှိ။
Add new comment