နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၁၃ ရက်တွင် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်-
- KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ဖျက်ဆီးခြင်းနှင့် ကျောက်တံခါးမြို့နယ်အတွင်း မန္တလေး-ရန်ကုန်လူစီးရထားအား ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည် ပြည်သူလူထု လူမှုစီးပွားဘဝထိခိုက်စေရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့မှုအခြေအနေများ။
- ရှမ်းပြည်နယ်(အရှေ့မြောက်ဒေသ)တွင် နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့များကိုလည်းကောင်း၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ မြောက်ဦးမြို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းကိုလည်းကောင်း လာရောက် ပစ်ခတ်ခဲ့ရာ ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိကြောင်း။
- TNLA နှင့် AA အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့၏မီဒီယာများမှတစ်ဆင့် တပ်မတော်မှ စတင်တိုက်ခိုက်လာကြောင့် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မဟုတ်မမှန် လုပ်ကြံသတင်းများ ဖန်တီးလုပ်ဆောင်နေသည့် အခြေအနေများ။
ပြည်ဖျက်မီဒီယာများက နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရန် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးလျက်ရှိသည်ကို ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် သတိပြုဆင်ခြင်ကြစေလိုသည့် အခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁၂-၂၀၂၃)
- KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ဖျက်ဆီးခြင်းနှင့် ကျောက်တံခါးမြို့နယ်အတွင်း မန္တလေး-ရန်ကုန်လူစီးရထားအား ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည် ပြည်သူလူထု လူမှုစီးပွားဘဝထိခိုက်စေရန်နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့မှုအခြေအနေများ။
- ပြည်ဖျက်မီဒီယာများက နိုင်ငံအတွင်းမတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရန် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးလျက်ရှိသည်ကို ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် သတိပြုဆင်ခြင်ကြစေလိုသည့် အခြေအနေများ။
Add new comment