မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကုန်သွယ်မှုကန့်သတ်ချက်နှင့် အခက်အခဲများစွာရှိနေသော်လည်း မြန်မာ့ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွှန့်အောင်က-
- မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုအတွက် ကျိန်စန်းကျော့၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်၍ ကုန်သွယ်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူများအနေဖြင့် တွေ့ကြုံရသည့် အခက်အခဲများကို ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ခက်ခဲသည့် ကိစ္စရပ်များကို တင်ပြကြရန်ဖြစ်ပြီး ပြည်ထောင်စုအဆင့်မှ ဆက်လက်ဆွေးနွေး ပေးသွားမည်ဖြစ်ကြောင်း။
- ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ နယ်စပ်အချင်းချင်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့မှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်(Task Force) လုပ်ငန်းအဖွဲ့များက ကဏ္ဍအလိုက် တက်ကြွစွာပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
- မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုအတွက် ကျိန်စန်းကျော့၊ ချင်းရွှေဟော်၊ လွယ်ဂျယ် နှင့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်၍ ကုန်သွယ်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။
- ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူများအနေဖြင့် တွေ့ကြုံရသည့် အခက်အခဲများကို ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ခက်ခဲသည့် ကိစ္စရပ်များကို တင်ပြကြရန်ဖြစ်ပြီး ပြည်ထောင်စုအဆင့်မှ ဆက်လက်ဆွေးနွေး ပေးသွားမည်ဖြစ်။
- ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ နယ်စပ်အချင်းချင်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်။
Add new comment