၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများ

          ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင် ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း အောက်ပါအတိုင်း ဖမ်းဆီးရမိခဲ့ပါသည်-

  • နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၈၆.၁ ကီလို၊ ဘိန်းဖြူ ၈၂.၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၈,၂၈၆,၉၉၆ ပြား၊ စိတ်ကြွရူးသွပ် ဆေးပြားအကြေ ၀.၀၂ ကီလို၊ အိုက်စ် ၂,၆၃၆.၆ ကီလို၊ ဆေးခြောက် ၆၃.၈ ကီလို၊ ဘိန်းဆီခဲ ၀.၁ ကီလို၊ ဘိန်းညိုမှုန့် ၆ ကီလို၊ ဘိန်းစာရွက် ၃၀.၂ ကီလို၊ ဘိန်းစာမှုန့် ၃၄၀.၉ ကီလို၊ ဘိန်းစာရည် ၂ လီတာ၊ အက်တက်စီဆေးပြား ၄,၇၇၈ ပြား၊ ဒိုင်ယာဇီပမ်ထိုးဆေး ၄ ပုလင်း၊ ထရာမဒေါလ်ဆေးတောင့် ၃၇၈,၃၀၀ တောင့်၊ ကတ်တမင်း ၂,၃၀၀.၃ ကီလို၊ Happy-5 ၁၂၅ ပြား၊ Happy Water ၁၆.၉ ကီလို၊ Methadone ၀.၅ လီတာ၊ ချောင်းဆိုးပျောက်ဆေးရည် ၂၀ လီတာ၊ Caffeine ၁,၂၇၅ ကီလို၊ Sulphuric Acid ၇၂၀ လီတာ၊ Hydrochloric Acid ၃၆၀ လီတာ၊ Ammonium Chloride ၁၂၅ ကီလို၊ အရိုးမီးသွေး ၂၀ ကီလို၊ Ethyl Acetate ၁၁,၅၂၀ လီတာ၊ Calcium Carbonate ၅၀ ကီလို၊ Vanillin ၁ ကီလို၊ Potassium ၁၂၀ ကီလို၊ Benzene ၁၃,၆၈၀ လီတာ၊ Bismuth(III) Oxide ၁၅၇၅၀ လီတာ၊ အနံ့ဆေးရည် ၂၁ လီတာနှင့် အရောင်တင်အမှုန့် ၀.၄၅ ကီလို စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၁၅၇,၄၂၀.၂၁၃ (US$ ၇၄.၉၆၂ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး နိုင်ခဲ့ပြီး တရားခံ အမျိုးသား ၅၃၁ ဦး၊ အမျိုးသမီး ၈၄ ဦး၊ စုစုပေါင်းတရားခံ ၆၁၅ ဦး ဖမ်းဆီးရမိခဲ့ပါသည်။

အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၂-၂၀၂၃)

 

  • နိုဝင်ဘာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေ ကျပ်သန်းပေါင်း ၁၅၇,၄၂၀.၂၁၃ (US$ ၇၄.၉၆၂ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေး ဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအမျိုးသား ၅၃၁ ဦး၊ အမျိုးသမီး ၈၄ ဦး၊ စုစုပေါင်း တရားခံ ၆၁၅ ဦးအား ဖမ်းဆီးရမိခဲ့။

 

Add new comment