တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

      တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာ တွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • ရွှေတိဂုံစေတီတော်၏ ဝင်ကြေး၊ အလှူငွေ အမေရိကန်ဒေါ်လာ ၂၀ သန်းကျော်နှင့် ဗိုလ်တထောင်စေတီ၏ အလှူငွေနှင့် ဝင်ကြေး အမေရိကန်ဒေါ်လာများကို အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ် ၂,၁၀၀ ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့ဟူသည့်သတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုမှ ဘာသာရေးဆိုင်ရာ စေတီပုထိုးများနှင့်ပတ်သက်၍ မဟုတ်မမှန်ဝါဒဖြန့်ချိမှုများ ပြုလုပ်သည့် သတင်းအတုသာဖြစ်။
  • ဧရာဝတီတိုင်းတွင် NLD အစိုးရလက်ထက် တောင်သူချေးငွေများ ဖိအားပေးတောင်းယူနေဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားသာဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည်‌ တောင်သူဦးကြီးများ စိုက်ပျိုးစရိတ်ကုန်ကျမှုများကို အတိုးနှုန်း သက်သာစွာ ထုတ်ချေးလျက်ရှိပြီး ကြွေးကျန်ချေးငွေကောက်ခံရေးဆောင်ရွက်ရာတွင် စည်းရုံးကောက်ခံသည့်နည်းလမ်းဖြင့်သာ ဆောင်ရွက်လျက်ရှိကြောင်း၊ ချေးငွေပေးဆပ်ရန် ပျက်ကွက်နေသည့် မည်သည့်တောင်သူတစ်ဦးတစ်ယောက်ကိုမျှ အမှုဖွင့် အရေးယူထားခြင်းမရှိကြောင်း၊ ကြွေးကျန်များပေးဆပ် ပြီးသည့်တောင်သူများကို ထပ်မံချေးငွေ ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရ။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းအတု၊ သတင်းအမှားများနှင့် လုပ်ကြံသတင်းများကို နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်ကာ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၂-၂၀၂၃)

 

  • ရွှေတိဂုံစေတီတော်နှင့် ဗိုလ်တထောင်စေတီ၏ အလှူငွေနှင့် ဝင်ကြေး အမေရိကန်ဒေါ်လာများကို တစ်ဒေါ်လာလျှင် ငွေကျပ် ,၁၀၀ ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန်သတင်းအတု သာဖြစ်။
  • ဧရာဝတီတိုင်းတွင် NLD အစိုးရလက်ထက် တောင်သူချေးငွေများ ဖိအားပေးတောင်းယူနေဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားသာဖြစ်။

Add new comment