အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက် ဖွယ်ရာများ ပေးပို့လှူဒါန်းလျက်ရှိရာ နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁၂ ရက်အထိ ဒံပေါက်ဘူးများ၊ ထောပတ်ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာများကို လားရှိုးမြို့မှတဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် ထပ်မံပေးပို့လှူဒါန်းခဲ့ပါသည်။
ဒီဇင်ဘာလ ၁၂ ရက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများမှ ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အဆိုပါစားသောက်ဖွယ်ရာများအား တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၂-၂၀၂၃)
- အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ဒံပေါက်ဘူးများ၊ ထောပတ်ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းခဲ့။
- ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများမှ ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်ဝယ်အရောက် ပို့ဆောင်ပေးသွား မည်ဖြစ်။
Add new comment