မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

         မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့၌ ပြောကြားခဲ့ရာတွင်-

  • မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိသူများနှင့် MNDAA၊ TNLA၊ AA အဖွဲ့မှ တာဝန်ရှိသူများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အကူအညီဖြင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တိုးတက်မှုအခြေအနေအပေါ်မူတည်၍ ဒီဇင်ဘာလကုန်ခန့်တွင်လည်း ထပ်မံဆွေနွေးသွားရန်ရှိကြောင်း။
  • ထိုကဲ့သို့ နိုင်ငံရေးအရဖြေရှင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်၍ တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေး ပြေလည်သွားမည်၊ နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းသွားမည်ကို မလိုလားသော အနောက်နိုင်ငံများမှ ထောက်ပံ့ပေးထားသည့် မီဒီယာများက အဖျက်သဘောဆောင်သည့် ထုတ်လွှင့်နေမှုများကို ထုတ်လွှင့်နေကြောင်း။
  • အနောက်နိုင်ငံအားပေးမီဒီယာများ၊ ဒေါက်တိုင်မီဒီယာများအနေဖြင့် မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းရေးနှင့် ၎င်းတို့ကို ထောက်ပံ့ပေးနိုင်မည့်၊ ၎င်းတို့လိုလားသော လက်ကိုင်တုတ်အစိုးရရရှိရေးတို့အတွက် ရည်မှန်းပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
  • ယခုရက်ပိုင်းအတွင်း နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား NUG၊ PDF များမှ ၎င်းတို့ထံရောက်ရှိလာစေရေး ခြိမ်းခြောက်စည်းရုံးနေမှုများ လုပ်ဆောင်နေကြောင်း။
  • ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအထိ NUG၊ PDF အကြမ်းဖက်အဖွဲ့အနေဖြင့် ရဟန်းသံဃာ ၉၂ ပါး၊ ပညာရေးဝန်ထမ်း ၈၈ ဦး၊ ကျန်းမာ ရေးဝန်ထမ်း ၂၀ ဦးကို သတ်ဖြတ်ခဲ့ပြီး ဆေးရုံ၊ ဆေးခန်းပေါင်း ၅၅ ခု၊ ပညာရေးဆိုင်ရာ အဆောက်အအုံပေါင်း ၇၇၃ ခုနှင့် ဆက်သွယ်ရေးတာဝါတိုင် ၆၀၀ ကျော်ကို မိုင်းထောင်၊ မီးရှို့၊ ဖျက်ဆီးခဲ့ကြောင်း။
  • ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေဖြင့် ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ရခိုင် ပြည်နယ်၊ ဗောဓိကုန်းရဲကင်းစခန်းကို အဝေးမှပစ်ခတ်ခြင်း၊ ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျိုက်ဒုံလမ်းဆုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်ဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်အရှေ့ဘက်တို့တွင် ထိတွေ့မှုဖြစ်ပွားခြင်းများရှိခဲ့ကြောင်း။

ယာယီတိုက်ပွဲရှောင်ပြည်သူများနှင့်ပတ်သက်၍ ၎င်းတို့နေရပ်ဒေသများတွင် အမြန်ဆုံးအခြေချနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ လိုအပ်ချက်များကို အမြန်ပြန်လည်ဖြည့်ဆည်းပြီး ပြည်သူများ၏ လူမှုစီးပွားဘဝပြန်လည်ကောင်းမွန်လာ‌စေရေး၊ တည်ငြိမ်လာစေရေး အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၂-၂၀၂၃)

 

  • မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိသူများနှင့် MNDAA၊ TNLA၊ AA အဖွဲ့မှ တာဝန်ရှိသူများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အကူအညီဖြင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့။
  • တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေး ပြေလည်သွားမည်၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းသွားမည်ကို မလိုလားသော အနောက်နိုင်ငံများမှ ထောက်ပံ့ပေးထားသည့်မီဒီယာများက အဖျက်သဘောဆောင်သည့် ထုတ်လွှင့်နေမှုများကို ထုတ်လွှင့်နေ။
  • နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား NUG PDF များမှ ၎င်းတို့ထံ ရောက်ရှိလာစေရေး ခြိမ်းခြောက်စည်းရုံးနေမှုများ လုပ်ဆောင်နေ။
  • ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအထိ NUG PDF အကြမ်းဖက်အဖွဲ့အနေဖြင့် ရဟန်းသံဃာ ၉၂ ပါး၊ ပညာရေးဝန်ထမ်း ၈၈ ဦး၊ ကျန်းမာ ရေးဝန်ထမ်း ၂၀ ဦးကို သတ်ဖြတ်ခဲ့ပြီး ဆေးရုံ၊ ဆေးခန်းပေါင်း ၅၅ ခု၊ ပညာရေးဆိုင်ရာ အဆောက်အအုံပေါင်း ၇၇၃ ခုနှင့် ဆက်သွယ်ရေးတာဝါတိုင် ၆၀၀ ကျော်ကို မိုင်းထောင်၊ မီးရှို့၊ ဖျက်ဆီးခဲ့။

Add new comment