ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လားရှိုးမြို့ ယာယီနေရပ်စွန့်ခွာနေရာများသို့ သွားရောက်ကြည့်ရှုအားပေး

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဒီဇင်ဘာလ ၁၀ ရက်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ လားရှိုးမြို့သို့ ခေတ္တ တိမ်းရှောင်ရောက်ရှိ နေထိုင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား ထောက်ပံ့ငွေနှင့် လိုအပ်သော ကယ်‌ဆယ်ရေးပစ္စည်းများ ပေးအပ်ကာ အားပေးစကားပြောကြားခဲ့ရာတွင်-

  • လားရှိုးမြို့၊ အမှတ် (၁၂) လားရှိုးကြီးရပ်ကွက်၊ ကမ်မိန်းဘုန်းကြီးကျောင်းရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေကျပ် ၁,၀၀၀,၀၀ဝ၊ ဆန်ရိက္ခာဖိုးငွေကျပ် ၂,၆၅၅,၀၀ဝ နှင့် နိုင်ငံတော်အကြီးအကဲမှ ပေးအပ်သော စားသောက်ဖွယ်ရာ၊ အဝတ်အထည်များ ထောက်ပံ့၍ အားပေးစကားပြောကြားခဲ့။
  • အမှတ် (၈)၊ အောင်သီတာရပ်ကွက်၊ ရွှေပြည်အေးဓမ္မရိပ်သာ ယာယီနေရပ်စွန့်ခွာနေရာသို့သွားရောက်ပြီး ထောက်ပံ့ငွေကျပ် ၁,၀၀၀,၀၀ဝ၊ ဆန်ရိက္ခာဖိုးငွေကျပ် ၂,၄၄၈,၀၀ဝ နှင့် နိုင်ငံတော်အကြီးအကဲမှ ထောက်ပံ့သော အစားအစာ၊ အဝတ်အထည်များ ပေးအပ်ပြီး ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့။
  • အမှတ်(၄) အာရုံတော်ရပ်ကွက်၊ ပန်အုပ်ကျောင်းရှိ ယာယီနေရပ်စွန့်ခွာနေရာသို့ သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် ၁,၀၀၀,၀၀ဝ၊ ဆန်ရိက္ခာဖိုးငွေကျပ် ၇၂၉,၀၀ဝ၊ အဝတ်အထည်၊ စားသောက်ဖွယ်ရာတို့ကို ထောက်ပံ့ပေးအပ်ခဲ့။
  • အမှတ်(၁၂) လားရှိုးကြီးရပ်ကွက်၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသို့သွားရောက်၍  ဆန်ရိက္ခာဖိုးငွေကျပ် ၆,၆၉၆,၀၀ဝ၊ ထောက်ပံ့ငွေကျပ် ၁,၀၀၀,၀၀ဝ နှင့် အဝတ်အထည်၊ စားသောက်ဖွယ်ရာများထောက်ပံ့ပြီး ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာလ ၁၀ ရက်တွင် လားရှိုးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေများကို ထောက်ပံ့ပေးခဲ့ရာ အိမ်ထောင်စု ၃၈၇ စု၊ လူဦးရေ ၁,၃၉၂ ဦးတို့အတွက် ဆန်ရိက္ခာဖိုး စုစုပေါင်း မှာ ငွေကျပ် ၁၂၅ ဒသမ ၂၈ သိန်းဖြစ်ပြီး လားရှိုးမြို့ရှိ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအတွက် ထောက်ပံ့မှုစုစုပေါင်းမှာ ငွေကျပ် ၇၇၁ ဒသမ ၇၅ သိန်းရှိပြီဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၂-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာလ ၁၀ ရက်တွင် လားရှိုးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာနေရာများမှ အိမ်ထောင်စု ၃၈၇ စု၊ လူဦးရေ ၁,၃၉၂ ဦးတို့အတွက် ဆန်ရိက္ခာဖိုးစုစုပေါင်းငွေကျပ် ၁၂၅ ဒသမ ၂၈ သိန်းအား ထောက်ပံ့ပေးခဲ့ပြီး ထောက်ပံ့မှု စုစုပေါင်းမှာ ငွေကျပ် ၇၇၁ ဒသမ ၇၅ သိန်းရှိပြီဖြစ်။

Add new comment