ဇန်နဝါရီလမှ နိုဝင်ဘာလအထိ တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာရွေ့ပြောင်းလုပ်သားဦးရေ ၉,၂၃၉ ဦး စေလွှတ်နိုင်

          မြန်မာနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ Employment Permit System (EPS) စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ မြန်မာရွေ့ပြောင်းလုပ်သားဦးရေ ၉,၂၃၉ ဦးစေလွှတ်နိုင်ခဲ့ပါသည်။ အဆိုပါလုပ်သားများအား တောင်ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် တရားဝင်သွားရောက်လုပ်ကိုင်ရန် စေလွှတ်ခဲ့ခြင်းဖြစ်ပါသည်။

EPS စနစ်ဖြင့် သွားရောက်လုပ်ကိုင်သော မြန်မာလုပ်သားများသည် ပြည်ပအလုပ်အကိုင်၊ အခွင့်အလမ်းများနှင့် လုပ်ငန်းအတွေ့အကြုံများ တိုးတက်ရရှိပြီး လုံခြုံစိတ်ချစွာ သွားရောက်လုပ်ကိုင်နိုင်သည့်အပြင် ကုန်ကျစရိတ်သက်သာပြီး တောင်ကိုရီးယားနိုင်ငံ၏ အလုပ်သမား အကျိုးခံစားခွင့်များကိုလည်း ဥပဒေနှင့်အညီ ခံစားခွင့်ရရှိနိုင်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁၂-၂၀၂၃)

 

  • ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာရွေ့ပြောင်းလုပ်သားဦးရေ ,၂၃၉ ဦး စေလွှတ်ခဲ့။
  • အဆိုပါလုပ်သားများသည် တောင်ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် တရားဝင်သွားရောက်လုပ်ကိုင်ရန်ဖြစ်။

Add new comment