ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့သည် ဒီဇင်ဘာလ ၁၁ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့်အဖွဲ့အား အသီးသီးလက်ခံတွေ့ဆုံခဲ့ပါသည်။
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးရုံး (UNRCO) တို့အကြား လက်ရှိဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက် မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ ဆုံစဉ် ထိုင်းနိုင်ငံအခြေစိုက် UNFPA အာရှ - ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေမှုနှင့် ဝန်ကြီးဌာနနှင့် UNFPA တို့အကြား သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁၂-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် UNRCO တို့အကြား ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ထိုင်းနိုင်ငံအခြေစိုက် UNFPA အာရှ - ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေမှုနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများအား ဆွေးနွေးခဲ့။
Add new comment