စက်သုံးဆီများ အရည်အသွေးပြည့်မီရေးနှင့် ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး အလေးထား၊ ဆီဆိုင်များတွင် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရန် အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

      ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ (၂/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၁ ရက်တွင် ကျင်းပရာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင်-

  • ပြည်ပသို့ ပို့ကုန်တင်ပို့ရာမှ ပို့ကုန်ရငွေများအား သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ဝင်ရောက်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့မည့် ပို့ကုန်များ ထုတ်လုပ်သော စက်မှုဇုန်များရှိ စက်ရုံများ အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းနိုင်ရေး ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
  • စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ စီမံဆောင်ရွက်နိုင်ရေး၊ ပြည်ပမှ တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးပြည့်မီရေးနှင့် ပြည်သူများဈေးနှုန်း တည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးကို အလေးထား ဆောင်ရွက် လျက်ရှိပြီး အများပြည်သူများ စက်သုံးဆီ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်များသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း စက်သုံးဆီများတရားမဝင်ရောင်း ချမှုမရှိစေရေး အတွက် စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း။
  • စားသုံးဆီများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်ချက်များကို စိစစ်၍ စနစ်တကျ ဖြန့်ခွဲပေးလျက်ရှိပြီး  ဈေးကွက်၊ ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ကုန်ရငွေ ပြန်လည်ဝင် ရောက်ရန်ကျန်ရှိ သော ကုမ္ပဏီများနှင့်ပတ်သက်၍ ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ရရှိစေရေး  ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့။  

အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ  မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁၂-၂၀၂၃)

 

  • စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ စီမံဆောင်ရွက်နိုင်ရေး၊ ပြည်ပမှ တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးပြည့်မီရေးနှင့် ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးကို အလေးထားဆောင်ရွက် လျက်ရှိ။
  • အများပြည်သူများ စက်သုံးဆီ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်များသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် စက်သုံးဆီများ တရားမဝင်ရောင်းချမှုမရှိစေရေးအတွက်လည်း စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိ။
  • စားသုံးဆီများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်ချက်များကို စိစစ်၍ စနစ်တကျ ဖြန့်ခွဲပေးလျက်ရှိပြီး  ဈေးကွက်၊ ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်လျက်ရှိ။

Add new comment