ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ပေးပို့

    အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်နှင့် မော်တော်ယာဉ်များဖြင့် ပို့ ဆောင်ပေးလျက် ရှိရာ-

  • ဒီဇင်ဘာလ ၁၁ ရက်တွင် MV Charity ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ပေးပို့သည့် အမိုးဒိုင်းသံချောင်း ၆၅၇ တန်၊ ဒေါင့်သံ ၈၅ တန်၊ အုတ် ၂၄,၀၀၀ လုံး၊ ထရန်စဖော်မာ ၈ လုံး၊ မော်တော်ယာဉ် ၆ စီး၊ ပရိဘောဂပစ္စည်း ၇ တန်၊ ဆန်အိတ် ၂၀,၂၉၀ အိတ်နှင့် စားအုန်းဆီပီပါ ၃၁၀ အပါအဝင် စုစုပေါင်းတန်ချိန် ၂,၀၉၃ ဒသမ ၀၃၅ အား တင်ဆောင်၍ စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မေလ ၁၆ ရက်မှစ၍ ဒီဇင်ဘာလ ၁၁ ရက်အထိ တပ်မတော်စစ်ရေယာဉ်များအပါအဝင် ရေယာဉ် ၄၁ စင်းဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း များ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်းများ၊ လူသုံးကုန်နှင့် စားသောက် ကုန်များပါဝင် သော ကူညီကယ်ဆယ်ရေးပစ္စည်းစုစုပေါင်း ၅၇,၇၂၉ ဒသမ ၅၁၆ တန်နှင့် ဒီဇယ်၂၄၉,၇၆၂ ဂါလန်၊ Octane 92 ၁၉၉,၈၈၆ ဂါလန် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရ ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁၂-၂၀၂၃)

 

  • MV Charity ရေယာဉ်သည် ဒီဇင်ဘာလ ၁၁ ရက်တွင် ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန် ,၀၉၃ ဒသမ ၀၃၅ အား တင်ဆောင်၍ စစ်တွေမြို့သို့ ပို့ဆောင်ခဲ့။

 

Add new comment