ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလျှင် အနည်းဆုံး တက္ကသိုလ်တစ်ခု၌ Ph.D သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်

ဇန်နဝါရီလ ၁၉ ရက်တွင် နေပြည်တော်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလျှင် အနည်းဆုံး တက္ကသိုလ်တစ်ခု၌ Ph.D သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၏ ပြောကြား ချက်များမှာ-

  • နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပညာရေးအဆင့်အတန်း မြင့်မားရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ပညာသင်ယူနိုင်ရေးနှင့် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေးဌာနမှူးများနှင့် ဆရာ၊ ဆရာမများ စိတ်အေးချမ်းသာစွာ သင်ကြားရေး တာဝန်များကို ထမ်းဆောင်နိုင်စေရေးအတွက် အမြဲမပြတ်လမ်းညွှန်ပေးလျက်ရှိကြောင်း။
  • နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ  အဆင့်မြင့်ပညာကဏ္ဍ  တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်များကို Class A, Class B နှင့် Class C အုပ်စုခွဲသတ်မှတ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလျှင် အနည်းဆုံး တက္ကသိုလ် တစ်ခု၌ Ph.D သင်တန်းဖွင့်လှစ်ရန်လိုပြီး တက္ကသိုလ်များ တွင် ဆရာ၊ ဆရာမနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံလျှင် မဟာတန်းများကို ဖွင့်လှစ်နိုင်ကြောင်း။
  • တက္ကသိုလ်သည် ဥပဓိရုပ်ကောင်းမွန်ရမည်ဖြစ်၍ တက္ကသိုလ်အင်္ဂါရပ်များနှင့် ပြည့်စုံအောင် ဖြည့်ဆည်းပေးရန်နှင့် ဆရာ၊ ဆရာမအဆောင်များတွင် ရေလုံလောက်ရေး၊ ရေသန့်စက်တပ်ဆင်ရေး၊ မီးမပျက်ရေး၊ ခြံစည်းရိုးပြည့်စုံရေးနှင့် အခန်းတိုင်းတွင် ထိုက်တန်သော အိပ်ခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်း၊   မီးဖိုချောင်များ ထည့်သွင်းဖွဲ့စည်းပေးမည်ဖြစ်ကြောင်း။
  • ဆရာ၊ ဆရာမများ အရည်အသွေးမြင့်မားရေးအတွက် အပတ်စဉ်ဌာနတွင်း ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကျင်းပပြီး ပညာရေးကဏ္ဍမြှင့်တင်ရေး၊  ကျောင်းသား၊ ကျောင်းသူများ  အမှန်တကယ်ပညာတတ်မြောက်ရေးနှင့် ဆရာ၊ ဆရာမများ စားရေး၊ နေရေး၊ သင်ကြားရေးအတွက် မိသားစုသဖွယ် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

            လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနရှိ  တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်  ကောလိပ်ကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပညာရေးအဆင့်အတန်း မြင့်မားရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ပညာသင်ယူနိုင်ရေးနှင့် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေးဌာနမှူးများနှင့် ဆရာ၊ ဆရာမများ စိတ်အေးချမ်းသာစွာ သင်ကြားရေးတာဝန်များကို ထမ်းဆောင်နိုင်စေရေးအတွက် အမြဲမပြတ် လမ်းညွှန်ပေးလျက်ရှိကြောင်း။
  • နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ  အဆင့်မြင့်ပညာကဏ္ဍ  တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်များကို Class A, Class B နှင့် Class C အုပ်စုခွဲသတ်မှတ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလျှင် အနည်းဆုံးတက္ကသိုလ် တစ်ခု၌ Ph.D သင်တန်းဖွင့်လှစ်ရန်လိုပြီး တက္ကသိုလ်များတွင် ဆရာ၊ ဆရာမနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံလျှင် မဟာတန်းများကို ဖွင့်လှစ်နိုင်ကြောင်း။
  • တက္ကသိုလ်သည် ဥပဓိရုပ် ကောင်းမွန်ရမည်ဖြစ်၍ တက္ကသိုလ်အင်္ဂါရပ်များနှင့် ပြည့်စုံအောင် ဖြည့်ဆည်းပေးရန်နှင့် ဆရာ၊ ဆရာမအဆောင်များတွင် ရေလုံလောက်ရေး၊ ရေသန့်စက်တပ်ဆင်ရေး၊ မီးမပျက်ရေး၊ ခြံစည်းရိုးပြည့်စုံရေးနှင့် အခန်းတိုင်းတွင် ထိုက်တန်သော  အိပ်ခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်း၊   မီးဖိုချောင်များ ထည့်သွင်းဖွဲ့စည်းပေးမည်ဖြစ်ကြောင်း။

Add new comment