နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၆ ရက်မှ ၁၁ ရက်အထိ မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ရာ သူရဘွဲ့ရရှိသော ပုဂ္ဂိုလ် ၄ ဦးအပါအဝင် စုစုပေါင်း ၁၄၇ ဦးအား ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံခြင်း၊ အားပေးစကားပြောကြား ခြင်းနှင့် လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံသို့သွားရောက်၍ စစ်သည်များ၊ မိသားစုဝင်များ၏ ကျန်းမာရေးအခြေအနေများကို သွားရောက်ကြည့်ရှုကာ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ပြီး စစ်သည်၊ ရဲမေများ၏ တင်ပြချက်များအပေါ် အားပေးဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့မှုအခြေအနေများ။
- နိုင်ငံခြားငွေ၊ သုံးငွေရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များ၌ အရောင်းအဝယ်ပြုလုပ်ရာတွင် ငွေလဲလှယ်နှုန်းကို အရင်အတိုင်း ဗဟိုဘဏ်က သတ်မှတ်မည်မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူများ၏ ငွေလဲလှယ်နှုန်းအပေါ်မူတည်၍ Market Rate အတိုင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့ကြောင်း။
- ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ပြင်ဆင်သတ် မှတ်ခဲ့ကြောင်း။
- နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းသွားရေးအပြင် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်စေနိုင် သည့် သတင်းအမှားများကို ဟန့်တားထိန်းချုပ်သွားနိုင်ရန် မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားရေးတို့အား ဆွေးနွေးခဲ့ကြောင်း။
- ပြည်ဖျက်မီဒီယာများအနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အထင်အမြင်လွဲမှားအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်ကြံဖန်တီးလျက်ရှိပြီး မြန်မာနိုင်ငံကို အသုံးချကာ တရုတ်ထိန်းချုပ်ရေးမူဝါဒ CHINA CONTAINMENT POLICY ကို ကျင့်သုံးနေမှုအခြေ အနေများ။
- ရှမ်းပြည်နယ်(အရှေ့မြောက်ဒေသ)တွင် နမ့်ခမ်း၊ တာမိုးညဲ၊ မူဆယ်(၁၀၅) မိုင် နယ်စပ်ဂိတ်၊ လောက်ကိုင်ဒေသများ၌လည်းကောင်း၊ ကယားပြည်နယ်တွင် လွိုင်ကော်ပြည်နယ်ရဲတပ်ဖွဲ့ရုံးကိုလည်းကောင်း၊ ကရင်ပြည်နယ်တွင် ကော့ကရိတ်မြို့ မြို့ဦး ဘုန်းတော်ကြီးကျောင်းကိုလည်းကောင်း၊ ရခိုင်ပြည်နယ်တွင် နုန်းဘူးမြို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တမူးမြို့နှင့် ခမ်းပါတ်မြို့ကိုလည်းကောင်း လာရောက်ပစ်ခတ်ခဲ့ရာ ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိကြောင်း။
- လွိုင်ကော်မြို့၌ KNPP၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လွိုင်ကော်ဈေးသို့ အတင်းဝင်ရောက်၍ ပစ္စည်းများ လုယက်ခြင်း၊ လူမနေသည့် ဆိုင်ခန်းများတွင် ဝင်ရောက်နေထိုင်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့မှု အခြေအနေများ။
- ပြည်ဖျက်မီဒီယာများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် မူတည်၍ ကောလာဟလသတင်းတု၊ သတင်းအမှားများအား မိနစ်နှင့်အမျှ ထုတ်လွှင့်နေမှုနှင့်ပတ်သက်၍ ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် ခြိမ်းခြောက်ကာ လူမှုစီးပွားဘဝ မတည်ငြိမ်အောင် ဖန်တီးပြုလုပ်နေသည့်အခြေအနေများ။
- အကြမ်းဖက်မှုများကို အားပေးလုပ်ဆောင်နေသည့် NUG၊ PDF နှင့် ၎င်းတို့ နောက်ကွယ်ရှိ ဒီမိုကရေစီအမည်ခံနိုင်ငံကြီးများက မြန်မာနိုင်ငံတစ်ဝန်းလုံး အလုံးစုံပျက်သုဉ်းရေးကို ဆောင်ရွက်နေသည့် အခြေအနေများ။
- တပ်မတော်နှင့် နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ဆောင်ရွက်နေသည့် အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်ပြီး အမြန်ဆုံးချုပ်ငြိမ်းစေရေး ဦးစားပေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ။
နိုင်ငံတော်ကာကွယ်ရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်သွားရန် တာဝန်ရှိပြီး စုစည်းညီညာစွာ လုပ်ဆောင်သွားရန် လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၂-၂၀၂၃)
- နိုင်ငံခြားငွေ၊ သုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များ၌ အရောင်းအဝယ်ပြုလုပ်ရာတွင် ငွေလဲလှယ်နှုန်းကို အရင်အတိုင်း ဗဟိုဘဏ်က သတ်မှတ်မည်မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူများ ၏ ငွေလဲလှယ်နှုန်းအပေါ်မူတည်၍ Market Rate အတိုင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့။
- ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ပြင်ဆင် သတ်မှတ်ခဲ့။
- ပြည်ဖျက်မီဒီယာများအနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အထင်အမြင်လွဲမှားအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်ကြံဖန်တီးလျက်ရှိပြီး မြန်မာနိုင်ငံကို အသုံးချကာ တရုတ်ထိန်းချုပ်ရေးမူဝါဒ CHINA CONTAINMENT POLICY ကို ကျင့်သုံးနေမှု အခြေအနေများ။
- ပြည်ဖျက်မီဒီယာများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် မူတည်၍ ကောလာဟလသတင်းတု၊ သတင်းအမှားများအား မိနစ်နှင့်အမျှ ထုတ်လွှင့်နေမှုနှင့်ပတ်သက်၍ ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် ခြိမ်းခြောက်ကာ လူမှုစီးပွားဘဝ မတည်ငြိမ်အောင် ဖန်တီးပြုလုပ်နေသည့်အခြေအနေများ။
Add new comment