နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီး ချုပ် (လေ)၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ လိုက်ပါ၍ ဒီဇင်ဘာလ ၈ ရက်နှင့် ၁၀ ရက်တို့တွင် ပြင်ဦးလွင်မြို့နှင့် လားရှိုးမြို့တို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင် စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များအား သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားခဲ့ပါသည်။
- နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ ၎င်းတို့၏တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့။
- ပြင်ဦးလွင်မြို့၊ နယ်မြေခံတပ်မတော်ဆေးရုံရှိ ဓာတ်ရောင်ခြည်နှင့် ကင်ဆာကုသဆောင်၌ ဓာတ်ရောင်ခြည်ကုသစက်နှင့် CT စက်ဖြင့် ရောဂါရှိသည့်နေရာများအား တိကျစွာ ပုံဖော်သည့်စက်တို့ တပ်ဆင်သုံးစွဲထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကင်ဆာရောဂါကုသဆောင်၌ တက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် တပ်မတော်သား မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့နှင့် လားရှိုးမြို့တို့ရှိ သားဖွားမီးယပ်နှင့် ကလေးကုသဆောင်၌ တက်ရောက်ကုသလျက်ရှိသည့် တပ်မတော်သားနှင့် မိသားစုဝင်များကို တစ်ဦးချင်းရင်းနှီးနွေးထွေးစွာဖြင့် လိုက်လံအားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၂-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့နှင့် လားရှိုးမြို့တို့၌ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားခဲ့။
Add new comment