နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၁၀ ရက်တွင် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ကျောင်းတိုက်တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဒေသခံ ပြည်သူများအတွက် ငွေကျပ်သိန်း ၅,၀၀၀၊ အဝတ်အထည် ၆,၀၀၀ ကျော်၊ ဆန်နှင့် စားသောက်ဖွယ်ရာပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအား ၎င်းတို့၏နေရပ်များတွင် အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံး ရရှိရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် အားပေးစကားပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဧည့်ခန်းမဆောင်၌ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအတွက် ချီးမြှင့် ငွေကျပ်သိန်း ၅,၀၀၀ ၊ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ကာ အားပေးစကားပြောကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အောက်တိုဘာလ ၂၇ ရက်မှစ၍ MNDAA၊ TNLA၊ AA အဖွဲ့တို့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အချို့သောကျေးရွာများ၊ မြို့များ၊ လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူလူထုတို့အနေဖြင့် ၎င်းတို့၏နေရပ်မှ တိမ်းရှောင်စွန့်ခွာ၍ လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ ရုံး၊ အဆောက်အဦများ၌ ယာယီတည်းခိုနေထိုင်ရလျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ အိမ်ထောင်စု ၁,၄၂၈ စုမှ လူဦးရေ ၄,၉၂၂ ဦးခန့် ရောက်ရှိတည်းခိုနေထိုင်ရလျက်ရှိကြောင်း၊ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များအဆင်ပြေစေရန် အစိုးရ၊ တပ်မတော်တို့မှဦးဆောင်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့၏ နေရပ် များတွင် အေးချမ်းစွာဖြင့် အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး နယ်မြေဒေသလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို နေ့ညမပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၂-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းတိုက်ရှိ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအတွက် ငွေကျပ်သိန်း ၅,၀၀၀၊ အဝတ်အထည် ၆,၀၀၀ ကျော်၊ ဆန်နှင့် စားသောက်ဖွယ်ရာပစ္စည်း များကို လှူဒါန်းခဲ့။
- အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအတွက် ချီးမြှင့်ငွေကျပ်သိန်း ၅,၀၀၀ ၊ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ခဲ့။
- ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူလူထုတို့အနေဖြင့် လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ ရုံး၊ အဆောက်အဦများ၌ ယာယီတည်းခိုနေထိုင်ရလျက်ရှိရာ လက် ရှိအချိန်အထိ အိမ်ထောင်စု ၁,၄၂၈ စုမှ လူဦးရေ ၄,၉၂၂ ဦးခန့် ရောက်ရှိတည်းခို နေထိုင်ရလျက်ရှိ။
- ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေစေရန် အစိုးရ၊ တပ်မတော်တို့မှဦးဆောင်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ။
Add new comment