အကြမ်းဖက်သမားများက ဒေသတွင်းမတည်မငြိမ်ဖြစ်စေရန်နှင့် တပ်မတော်အပေါ် အထင်အမြင်လွဲမှားလာစေရန် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

      တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာ တွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာအတွင်းသို့ တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိဟူသည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်ပြီး အဆိုပါကျေးရွာအနီး မည်သည့် တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိသလို တပ်မတော်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတစ်စုံတစ်ရာ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • ရွှေကျင်မြို့နယ်မှ ဒေသခံပြည်သူ ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားသာဖြစ်ပြီး အဆိုပါကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် တပ်မတော်ဘက်က လှုပ်ရှားမှုမရှိကြောင်းနှင့် အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့များကသာ ရံဖန်ရံခါဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်းနှင့် အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများ၊ ၎င်းတို့၏ တောင်းဆိုမှုများမရရှိပါက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လေ့ရှိကြောင်း သိရှိရ။
  • ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများက သတင်းများရေးသားဖော်ပြထားမှုအပေါ် မှတ်ချက်ရေး၊ မျှဝေခြင်းများ ပြုလုပ်သူများကို ဖမ်းဆီးအရေးယူမည်ဟု ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်ထားဟူသည့်သတင်းသည် မဟုတ်မမှန်ရေးသား ဖြန့်ဝေထား သည့် သတင်းသာဖြစ်ပြီး အဆိုပါသတင်းအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • ဆေးပင်စင်ယူထားသည့် တပ်မတော်သား ၅၀ ဦးထက်မနည်းကို တိုက်ပွဲဖြစ်ပွားရာဒေသများသို့ စေလွှတ်ရန် တပ်မှ ပြန်လည်ခေါ်ဆောင်ဟူသည့်သတင်းမှာ သတင်းအတု၊ သတင်းအမှားသာဖြစ်ပြီး မြေပြင်သတင်းအရ တပ်မတော်မှ ခေါ်ဆောင်သွားခြင်းမရှိ ကြောင်း သိရှိရ။
  • စစ်ဆင်ရေးကွပ်ကဲရေးမှူးတစ်ဦး တိုက်ပွဲကျခဲ့ဟူသည့်သတင်းမှာ တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် တိုက်ပွဲဝင်တပ်မတော်သားများ စိတ်ဓာတ်ကျဆင်းစေရန်အတွက် မဟုတ်မမှန် လုပ်ကြံဖန်တီးထားသည့် သတင်းအမှားသာဖြစ်ပြီး အဆိုပါသတင်း မှာ မှန်ကန်မှုမရှိကြောင်း သိရှိရ။
  • ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပြည်သူ့စစ်သင်တန်းတက်ရန် မဲနှိုက်ခိုင်းဟူသည့်သတင်းမှာ ကောလာဟလသတင်းအမှားသာဖြစ်ပြီး အဆိုပါမြို့နယ်နှင့် အခြားမြို့နယ်များတွင် ပြည်သူ့စစ်သင်တန်းပေးရန်အတွက် မည်သည့်ညွှန်ကြားချက်မှ ပေးထား ခြင်းမရှိကြောင်း သိရှိရ။
  • လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးအား တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးလောင်ခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကြမ်းဖက်သမားများက အဆိုပါဈေးအား မီးရှို့၍ ထွက်ပြေးခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ရန် ရောက်ရှိလာစဉ် အကြမ်းဖက်သမားများက Drop Bomb များဖြင့် ထပ်မံပစ်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဈေးတစ်ခုလုံး မီးလောင်ခဲ့ခြင်းသာဖြစ်။

နိုင်ငံ့တာဝန်များကို ဦးလည်မသုန်ကျေပွန်စွာထမ်းရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လိုသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အကြမ်းဖက်မှုလုပ်ရပ်များကို အားပေးလှုံ့ဆော်နေသည့် တရားမဝင် ပြည်ဖျက်မီဒီယာများမှ စိုးရိမ် ထိတ်လန့်စေရန်နှင့် မြေပြင်ဖြစ်စဉ်သတင်းမှန်များကို ပြည်သူလူထုအထင်အမြင် လွဲမှားစေရန် သတင်းအဆိပ်ခတ်ဝါဒဖြန့်နေခြင်းသာဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၂-၂၀၂၃)

 

  • ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာအတွင်းသို့ တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိဟူသည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်။
  • ရွှေကျင်မြို့နယ်မှ ဒေသခံပြည်သူ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားသာဖြစ်။
  • ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများက သတင်းများ ရေးသားဖော်ပြထားမှုအပေါ် မှတ်ချက်ရေး၊ မျှဝေခြင်းများပြုလုပ်သူများကို ဖမ်းဆီးအရေးယူမည်ဟု ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်ထားဟူသည့်သတင်းသည် မဟုတ်မမှန်ရေးသား ဖြန့်ဝေ ထားသည့် သတင်းသာဖြစ်။
  • ဆေးပင်စင်ယူထားသည့် တပ်မတော်သားများကို တိုက်ပွဲဖြစ်ပွားရာဒေသများသို့ စေလွှတ်ရန် တပ်မှ ပြန်လည်ခေါ်ဆောင်ဟူသည့်သတင်းမှာ သတင်းအတု၊ သတင်းအမှားသာဖြစ်။
  • စစ်ဆင်ရေးကွပ်ကဲရေးမှူးတစ်ဦး တိုက်ပွဲကျခဲ့ဟူသည့်သတင်းမှာ မဟုတ်မမှန် လုပ်ကြံဖန်တီးထားသည့် သတင်းအမှားသာဖြစ်။
  • ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပြည်သူ့စစ်သင်တန်းတက်ရန် မဲနှိုက်ခိုင်းဟူသည့်သတင်းမှာ ကောလာဟလသတင်းအမှားသာဖြစ်။
  • လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးအား တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးလောင်ခဲ့ဟူသည့်သတင်းမှာ သတင်းအမှားဖြစ်၊ သတင်းအမှန်မှာ အကြမ်းဖက်သမားများက အဆိုပါဈေးအား မီးရှို့၍ ထွက်ပြေးခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ရန် ရောက်ရှိလာစဉ် အကြမ်းဖက်သမားများက Drop Bomb များဖြင့် ထပ်မံတိုက်ခိုက်ခဲ့ခြင်းကြောင့် ဈေးတစ်ခုလုံး မီးလောင်ခဲ့ခြင်းသာဖြစ်။

Add new comment