တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဆုပ် ဂျန်ဒါဆိုဖီးအာနှင့် ထိုင်း နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာပန်ပရီ ဘာဟီဒါနူကာရာတို့အား ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တို့တွင်လည်းကောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာရှီယွီကန်း အား ဒီဇင်ဘာလ ၉ ရက်တွင်လည်းကောင်း လက်ခံတွေ့ဆုံခဲ့ပါသည်။
- တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာမီးရထားလမ်းဖောက်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကွန်ရက်တည်ထောင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ထိန်း သိမ်းသွားရေးအပြင် တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများ အမြစ်ပြတ်တိုက်ဖျက်သွားရေးအတွက် နှစ်ဖက်တရားဥပဒေစိုးမိုးရေးအဖွဲ့များအကြား ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်စေနိုင်သည့် သတင်းအမှားများကို ဟန့်တားထိန်းချုပ်သွားနိုင်ရန် မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမို နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး၊ တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်အား မြန်မာနိုင်ငံသို့ သင့်လျော်မည့်အချိန်တွင် ပဉ္စမအကြိမ်မြောက် ပင့်ဆောင်သွားနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
- တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့အပေါ် အစဉ်လေးစားမှုနှင့် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမပြုခြင်းနှင့် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းရွေးချယ်မှုတို့အပေါ် ထောက်ခံလျက်ရှိသည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့။
- ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ခရီးသွားလုပ်ငန်း၊ သာသနာရေး၊ ယဉ်ကျေးမှုကဏ္ဍများနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေးကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့။
- ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်မှု အလားအလာများ၊ မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ်ဒေသများတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို နေရပ်ပြန်လည်ပို့ဆောင်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဥပဒေအရ ၎င်းတို့ရပိုင်ခံစားခွင့်များရရှိစေရေးနှင့် အကာအကွယ် ပေးသွားရေးနှင့် နှစ်နိုင်ငံအကြား အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
- တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အပါအဝင် တရုတ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၂-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာမီးရထားလမ်းဖောက်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကွန်ရက်တည်ထောင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းသွားရေးအပြင် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်စေနိုင်သည့် သတင်းအမှားများကို ဟန့်တားထိန်းချုပ်သွားနိုင်ရန် မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားရေးတို့အား ဆွေးနွေးခဲ့။
- ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ခရီးသွားလုပ်ငန်း၊ သာသနာရေး၊ ယဉ်ကျေးမှုကဏ္ဍများနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေးကိစ္စရပ်များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
- ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နယ်စပ်ဒေသရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်မှုအလားအလာများ၊ မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ်ဒေသများတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို နေရပ်ပြန်လည် ပို့ဆောင်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဥပဒေအရ ၎င်းတို့ ရပိုင်ခံစားခွင့်များရရှိစေရေးနှင့် အကာအကွယ်ပေးသွားရေးတို့အား ဆွေးနွေးခဲ့။
- တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ် များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
Add new comment