နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၈ ရက်တွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေးမြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် တာဝန်ရှိသူများက အမျိုးသားကန်တော်ကြီး ဥယျာဉ်သမိုင်းကြောင်းများ၊ နိုင်ငံတော်အကြီးအကဲမှလာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများနှင့် ကန်တော်ကြီးဥယျာဉ်အား ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။
တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ်နေရာ (Land Mark) တစ်ခုဖြစ်သဖြင့် ရေရှည်တည်တံ့စေရေးနှင့် ခရီးသွားများ အမြဲမပြတ်လည်ပတ်နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း။
- ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်ဖြစ်ပြီး ဒေသသို့ လာရောက်ကြသူများအနေဖြင့် မြို့၏သာယာလှပမှု၊ စည်းကမ်းစနစ်တကျရှိမှု၊ စိတ်ချမ်းမြေ့ဖွယ် ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ထားနိုင်မှုများကို အတုယူအားကျသွားစေသည်အထိ ဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။
- ပြင်ဦးလွင်မြို့ သာယာလှပမှု၊ စည်းကမ်းစနစ်တကျ ဖြစ်မှုတို့ကို အားကျအတုယူ၍ မန္တလေးတိုင်းဒေသကြီးအတွင်းမှ မြို့၊ ရွာများ၊ ၎င်းမှ တစ်နိုင်ငံလုံးအတိုင်းအတာအထိ စည်းကမ်းစနစ်တကျနှင့် သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းများဖြစ်ပေါ်လာစေရေး ပြင်ဦးလွင်မြို့ကို စံပြဖြစ်အောင် ဆောင်ရွက်ကြရန်လို ကြောင်းဖြင့် မှာကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု၍ ကန်တော်ကြီးထည့်သွင်း မွေးမြူထားသည့် အလှမွေးငါးများကို အစာကျွေးခဲ့ကြပြီး လာရောက်အပန်းဖြေအနားယူနေကြသည့် ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၁၂-၂၀၂၃)
- အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ်နေရာ (Land Mark)တစ်ခုဖြစ်သဖြင့် ရေရှည်တည်တံ့စေရေးနှင့် ခရီးသွားများ အမြဲမပြတ်လည်ပတ်နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း။
- ပြင်ဦးလွင်မြို့ သာယာလှပမှု၊ စည်းကမ်းစနစ်တကျ ဖြစ်မှုတို့ကို အားကျအတုယူ၍ မန္တလေးတိုင်းဒေသကြီးအတွင်းမှ မြို့၊ ရွာများ၊ ၎င်းမှ တစ်နိုင်ငံလုံးအတိုင်းအတာအထိ စည်းကမ်းစနစ်တကျနှင့် သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းများဖြစ်ပေါ်လာစေရေး ပြင်ဦးလွင်မြို့ကို စံပြဖြစ်အောင် ဆောင်ရွက်ကြရန်လို။
Add new comment