ဂျပန်နိုင်ငံ၌ မြန်မာနိုင်ငံသားများအား အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေရန် YVCT Myanmar နှင့် ဂျပန်-ယူနန်အထွေထွေကုန်သည်များအသင်းတို့ သဘောတူလက်မှတ်ရေးထိုး

ဇန်နဝါရီလ ၁၈ ရက်တွင် မြန်မာနိုင်ငံသားများအနေဖြင့် ဂျပန်နိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်နှင့် လုပ်ခလစာများ၊ လုပ်သားအခွင့်အရေးများ တန်းတူရရှိစေရန်အတွက်

ရန်ကုန်အသက်မွေးနည်းပညာကောလိပ် (YVCT Myanmar) နှင့် ဂျပန်-ယူနန်အထွေထွေကုန်သည်များအသင်းတို့ သဘောတူလက်မှတ် ရေးထိုးခဲ့ပါသည်။ 

YVCT Myanmar မှ ကျောင်းသား၊ ကျောင်းသူ လူငယ်များကို JLPTN-4 အထိ အောင်မြင်ပြီး အရည်အချင်းပြည့်ဝတဲ့ ကျောင်းသား၊ ကျောင်းသူများဖြစ်အောင်

မွေးထုတ်ပေးလျက်ရှိကြောင်း၊ တစ်နှစ်လျှင် ကျောင်းသား၊ ကျောင်းသူ ၁,၀၀၀ အထိ မွေးထုတ်ပေးနိုင်ရန်နှင့် ၎င်းတို့အလုပ်အကိုင်ရရှိနိုင်ရန်ကိုပါ ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း၊

ပြည်ပလူ့စွမ်းအားအရင်းအမြစ်ကုမ္ပဏီများနှင့် မြန်မာနိုင်ငံရှိ လူ့စွမ်းအားအရင်းအမြစ်ကုမ္ပဏီများ၏လိုအပ်ချက်အရ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအတွက်

ဘာသာစကားသင်ကြားပေးမည် ဖြစ်ကြောင်းသိရှိရပါသည်။

  • YVCT Myanmar မှ ကျောင်းသား၊ ကျောင်းသူလူငယ်များကို ဂျပန်နိုင်ငံတွင် အာမခံချက်ရှိရှိဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် ဂျပန်-ယူနန် အထွေထွေ ကုန်သည်များအသင်းနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့။
  • YVCT Myanmar မှ တစ်နှစ်လျှင် ကျောင်းသား၊ ကျောင်းသူ ၁,၀၀၀ အထိ မွေးထုတ်ပေးနိုင်ရန်နှင့် ၎င်းတို့အလုပ်အကိုင်ရရှိနိုင်ရန်ကိုပါ ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိ

 

Add new comment