ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် China Foundation for Rural Development (CFRD)၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Chen Hongtao ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

         ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် China Foundation for Rural Development (CFRD) ၏ အမှုဆောင် ညွှန်ကြားရေးမှူး Mr. Chen Hongtao  ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာလ ၆ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌  လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံတစ်ဝန်း၌ ပညာရေးနှင့် လူမှုရေးဆိုင်ရာကဏ္ဍများတွင် ဖွံ့ဖြိုးရေးစီမံကိန်းများချမှတ်၍ အကူအညီများ တိုးမြှင့်ပေးအပ်ခြင်းတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁၂-၂၀၂၃)

 

  • တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ မြန်မာနိင်ငံတစ်ဝန်း၌ ပညာရေးနှင့် လူမှုရေးဆိုင်ရာကဏ္ဍများတွင် ဖွံ့ဖြိုးရေးစီမံကိန်းများချမှတ်၍ အကူအညီများ တိုးမြှင့်ပေးအပ်ခြင်းတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့

Add new comment