ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတို့အား သီးခြားစီ တွေ့ဆုံဆွေးနွေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဆုပ် ဂျန်ဒါဆိုဖီးအာနှင့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာပန်ပရီ ဘာဟီဒါနူကာရာတို့အား ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တို့တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

  • တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာမီးရထားလမ်းဖောက်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကွန်ရက် တည်ထောင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်း ရေးထိန်းသိမ်းသွားရေးအပြင် တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများ အမြစ်ပြတ်တိုက်ဖျက်သွားရေးအတွက် နှစ်ဖက်တရားဥပဒေစိုးမိုးရေးအဖွဲ့များအကြား ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်စေနိုင်သည့် သတင်းအမှား များကို ဟန့်တားထိန်းချုပ်သွားနိုင်ရန် မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွား ရေးနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအပါအဝင် ဒေသတွင်းနှင့် နိုင်ငံ တကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး၊ တရုတ်နိုင်ငံ မှ ဗုဒ္ဓစွယ်တော်မြတ်အား မြန်မာနိုင်ငံသို့ သင့်လျော်မည့်အချိန်တွင် ပဉ္စမအကြိမ် မြောက် ပင့်ဆောင်သွားနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
  • တရုတ်နိုင်ငံခြားရေးဝန်ကြီး  မစ္စတာဝမ်ယိက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့အပေါ် အစဉ်လေးစားမှုနှင့် မြန်မာ့ပြည် တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမပြုခြင်းနှင့် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်းရွေးချယ်မှုတို့အပေါ် ထောက်ခံလျက်ရှိသည့် တရုတ် နိုင်ငံ၏ ရပ်တည်ချက်ကို  ထပ်လောင်းအတည်ပြု ပြောကြားခဲ့။
  • ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ခရီးသွားလုပ်ငန်း၊ သာသနာရေး၊ ယဉ်ကျေးမှုကဏ္ဍများနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေးကိစ္စ ရပ်များအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက် သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့။
  • ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူ များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်မှု အလားအ လာများ၊ မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ် ဒေသများတွင်ပိတ်မိနေသည့် ထိုင်း နိုင်ငံသားများကို နေရပ်ပြန်လည်ပို့ဆောင်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် တရားဥပဒေအရ ၎င်းတို့ ရပိုင်ခံစားခွင့်များရရှိစေရေး နှင့် အကာအကွယ်ပေးသွားရေးနှင့် နှစ်နိုင်ငံအကြား အာဆီယံအပါအဝင် ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။

တွေ့ဆုံပွဲများသို့ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁၂-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ မီးရထားလမ်းဖောက်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကွန်ရက်တည်ထောင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ် လျှောက် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းသွားရေးအပြင် နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ထိခိုက်စေနိုင်သည့် သတင်းအမှားများကို ဟန့်တားထိန်းချုပ်သွား နိုင်ရန် မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားရေးတို့အား ဆွေးနွေးခဲ့။
  • တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် နယ် မြေတည်တံ့ခိုင်မြဲမှုတို့အပေါ် အစဉ်လေးစားမှုနှင့် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်မှုမပြုခြင်းနှင့် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ရွေးချယ်မှုတို့အပေါ် ထောက်ခံလျက်ရှိသည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို  ထပ် လောင်းအတည်ပြု ပြောကြားခဲ့။
  • ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ခရီးသွားလုပ်ငန်း၊ သာသနာရေး ယဉ်ကျေးမှုကဏ္ဍများနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေးကိစ္စရပ် များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
  • ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နယ်စပ်ဒေသရှိ ပြည်သူများအတွက် လူသား ချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်မှုအလားအလာများ၊ မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ်ဒေသများတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို နေရပ်ပြန် လည်ပို့ဆောင်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဥပဒေအရ ၎င်းတို့ ရပိုင်ခံစားခွင့်များရရှိစေရေးနှင့် အကာအကွယ်ပေးသွားရေး တို့အား ဆွေးနွေးခဲ့။

Add new comment