တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
- ဇန်နဝါရီလ ၁၈ ရက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ မူးယစ်အကူနှိမ်နှင်းရေး ဌာနစုအဖွဲ့မှ ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်းအား ရှောင်ကွင်း၍ ဘားအံသို့သွားရောက်မည့်ယာဉ်များကို စစ်ဆေးမှုများပြုလုပ်ခဲ့ရာ တရားမဝင်သစ်သီးမျိုးစုံနှင့် ယာဉ် ၂ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၂၁၇,၅၀၀) ကို ဖမ်းဆီးရမိခဲ့။
- ဇန်နဝါရီလ ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ လူသုံးကုန်ပစ္စည်းမျိုးစုံနှင့် ယာဉ် ၁ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၇၆၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့။
- ဇန်နဝါရီလ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များသည် ရွှေဘိုမြို့နယ်တွင် Honda insight (လိုင်စင်မဲ့) ယာဉ် ၁ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)နှင့် မော်လိုက် မြို့နယ်တွင် ကျွန်းသစ်(၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀,၀၀၀)တို့ကို ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၇၅၀,၀၀၀) သိမ်းဆည်းရမိခဲ့။
- ဇန်နဝါရီလ ၁၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များသည် ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင်သစ်တောကြိုးဝိုင်းများအတွင်းရှိ တရားမဝင်သစ်မျိုးစုံ (၂၀ ဒသမ ၁၆၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၀၉,၆၈၀)ကို ဖမ်းဆီးရမိခဲ့။
- ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၉)မှု၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃,၆၃၇,၁၈၀)ဖြစ်ပါသည်။
အဆိုပါဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တရာမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားပါသည်။
- ဇန်နဝါရီလ ၁၈ ရက်မှ ၁၉ ရက်ထိ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၉)မှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃,၆၃၇,၁၈၀)ရှိပြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီက အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိ။
Add new comment