မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တို့တွင် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ရာ သူရဘွဲ့ရရှိသော ပုဂ္ဂိုလ် ၄ ဦးအပါအဝင် စုစုပေါင်း ၁၄၇ ဦးအား ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ ကြောင်း။
  • နိုင်ငံခြားငွေ၊ သုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များ၌ အရောင်းအဝယ်ပြုလုပ်ရာတွင် ငွေလဲလှယ်နှုန်းကို အရင်အတိုင်း ဗဟိုဘဏ်က သတ်မှတ်မည်မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူများ၏ ငွေလဲလှယ်နှုန်းအပေါ်မူတည်၍ Market Rate အတိုင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့ကြောင်း။
  • ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း။
  • ရှမ်းပြည်နယ်(အရှေ့မြောက်ဒေသ)တွင် နန့်ခမ်း၊ မူဆယ်(၁၀၅) မိုင် နယ်စပ်ဂိတ်၊ လောက်ကိုင်ဒေသများ၌လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် နုန်းဘူးမြို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တမူးမြို့နှင့် ခမ်းပါတ်မြို့ကိုလည်းကောင်း လာရောက်ပစ်ခတ်ခဲ့ရာ ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိကြောင်း။
  • အကြမ်းဖက်သမားများ၏ လုပ်ရိုးလုပ်စဉ်သည် အကြမ်းဖက်မှုတစ်ခုကိုဖြစ် မြောက်အောင်လုပ်ဆောင်၍ ၎င်းတို့၏မီဒီယာများနှင့်အတူ ၎င်းတို့အကြမ်းဖက်လုပ်ဆောင်ချက်များကို ဝေဝေဆာဆာထုတ်ပြန်ကာ ပြည်သူလူထု၏စိတ်၌ အကြောက်တရား သို့မဟုတ် လူထု၏စိတ်၌ ဂရုစိုက်မှုတစ်ခုရရှိလာအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
  • အကြမ်းဖက်မှုများကိုအားပေးလုပ်ဆောင်နေသည့် NUG၊ PDF နှင့် ၎င်းတို့ နောက်ကွယ်ရှိ ဒီမိုကရေစီ အမည်ခံနိုင်ငံကြီးများက မြန်မာနိုင်ငံတစ်ဝန်းလုံး အလုံးစုံပျက်သုဉ်းရေးကို ဆောင်ရွက်နေသည့် အခြေအနေများ။
  • တပ်မတော်နှင့် နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ဆောင်ရွက်နေသည့် အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်ပြီး အမြန်ဆုံးချုပ်ငြိမ်းစေရေး ဦးစားပေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ။

နိုင်ငံတော်ကာကွယ်ရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်သွားရန် တာဝန်ရှိပြီး စုစည်းညီညာစွာ လုပ်ဆောင်သွားရန် လိုအပ်‌သည့်အခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁၂-၂၀၂၃)

 

  • နိုင်ငံခြားငွေ၊ သုံးငွေရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များ၌ အရောင်းအဝယ်ပြုလုပ်ရာတွင် ငွေလဲလှယ်နှုန်းကို အရင်အတိုင်း ဗဟိုဘဏ်က သတ်မှတ်မည်မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူများ၏ ငွေလဲလှယ်နှုန်း အပေါ်မူတည်၍ Market Rate အတိုင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့။
  • ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်ခဲ့။
  • အကြမ်းဖက်သမားများ၏ လုပ်ရိုးလုပ်စဉ်သည် အကြမ်းဖက်မှုတစ်ခုကိုဖြစ်မြောက် အောင်လုပ်ဆောင်၍ ၎င်းတို့နှင့်ပင်းဖက်သည့် မီဒီယာများနှင့်အတူ ၎င်းတို့အကြမ်းဖက်လုပ်ဆောင်ချက်များကို ဝေဝေဆာဆာထုတ်ပြန်ကာ ပြည်သူလူထု၏စိတ်၌ အကြောက်တရား သို့မဟုတ် လူထု၏စိတ်၌ ဂရုစိုက်မှုတစ်ခု ရရှိလာ အောင် ဆောင်ရွက်ခြင်းဖြစ်။

Add new comment