အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၆ ရက်တွင် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန အထူးဧည့်သည်တော်ခန်းမ၌ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနဝန်ကြီး Mr. Phiphat Ratchakitprakarn ဦးဆောင်သည့် အလုပ်သမားရေးရာ တာဝန်ရှိ သူများနှင့်တွေ့ဆုံ ဆွေးနွေးရာတွင်-
- နှစ်နိုင်ငံအလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU)နှင့် အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုးလက်မှတ်ရေးထိုးရေး၊
- ထိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်အတွက် အမည်စာရင်းတင်သွင်းထားသည့် အလုပ်သမားများကို (ပန်းရောင်ကတ်) ထုတ်ပေးနိုင်ရေး၊
- ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်ခလစာများကို မြန်မာနိုင်ငံတွင် ကျန်ရှိသည့် မိသားစုဝင်များထံသို့ တရားဝင်လမ်းကြောင်းမှ လုံခြုံစိတ်ချစွာ လွှဲပြောင်းပေးပို့နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ လ ၇ ရက်တွင် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာအလုပ်သမားများ အများဆုံး နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသည့် နေရာဒေသများရှိ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက် တွေ့ဆုံအားပေးပြီး ထိုင်းနိုင်ငံ ဘတ် ၅ သန်းကုမ္ပဏီများနှင့် MoU လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ဖွင့်လှစ်မည့်နေရာနှင့် အလုပ်သမားသံအရာရှိရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့် နေရာတို့ကို စစ်ဆေးကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁၂-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာအလုပ်သမားများ အများဆုံးနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသည့် နေရာဒေသများရှိ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်တွေ့ဆုံအားပေးခဲ့။
Add new comment