၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းကျော် တင်ပို့ထားပြီး လက်ရှိ မြန်မာ့ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၉၈ ဒေါ်လာမှ ၄၅၀ ဝန်းကျင်အထိနှင့် ဆန်ကွဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၉၅ ဒေါ်လာမှ ၃၂၀ အထိ ဈေးနှုန်းရှိပါသည်။
ဥရောပနိုင်ငံများ၏ ဝယ်လက်နိုင်ငံများ၌ အထွက်နှုန်းလျော့ကျခြင်းနှင့် ဈေးနှုန်းမြင့် တက်ခြင်း၊ မြန်မာ့ဆန်ဈေးနှုန်းသည် သင့်တင့်သည့်နှုန်းထားရှိခြင်းတို့ကြောင့် ပြည်ပမှ ဝယ်လိုအား မြင့်တက်နေခြင်းဖြစ်ပါသည်။
ပြည်ပသို့တင်ပို့နေသည့် ဆန်များမှာ ဧည့်မထ၊ ငစိန်အုပ်စုဝင် ဆန်ကြမ်းအမျိုးအစား များဖြစ်ပြီး အများစုမှာ ဆန်ကွဲဖြစ်၍ ပြည်ပသို့တင်ပို့မှုများပြားလာခြင်းကြောင့် ပြည်တွင်း စားသုံးသည့် ဆန်ဈေးကွက်ကို မထိခိုက်နိုင်ကြောင်းနှင့် ၂၀၂၁ ခုနှစ်က ပင်လယ်ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးတို့မှတစ်ဆင့် ပြည်တွင်းမှ ဆန်နှင့် ဆန်ကွဲတန်ချိန် သုံးသိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။
- ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းကျော် တင်ပို့ထား ရှိပြီး လက်ရှိ မြန်မာ့ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၉၈ ဒေါ်လာမှ ၄၅၀ ဝန်းကျင်အထိနှင့် ဆန်ကွဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၉၅ ဒေါ်လာ မှ ၃၂၀ အထိ ဈေးနှုန်းရှိ။
- ၂၀၂၁ ခုနှစ်က ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးတို့မှ တစ်ဆင့် ပြည်တွင်း မှ ဆန်နှင့် ဆန်ကွဲတန်ချိန် သုံးသိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပြည်ပသို့တင်ပို့မှုအများစုမှာ ဆန်ကွဲဖြစ်၍ ပြည်တွင်း စားသုံးသည့် ဆန်ဈေးကွက်ကို မထိခိုက်နိုင်။
Add new comment