၂၀၂၄ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးကို ဒီဇင်ဘာလ ၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေး အဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
- အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် ကဏ္ဍပေါင်းစုံက နိုင်ငံတော်အတွက် ထူးကဲစွာ ဘာသာသာသနာ့ အကျိုးဆောင်ရွက်ခဲ့ကြသူများနှင့် ပြည်သူ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်နိုင်ရေးအတွက် ပြဋ္ဌာန်းချက်နှင့်အညီ စိစစ်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း။
- ပဏာမစိစစ်ရေးအဖွဲ့အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ထပ်မံစိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း။
- နှစ်စဉ်ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ချီးမြှင့်အပ်နှင်းလျက်ရှိသော ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပဏာမစိစစ်ပြီး တင်ပြလာ သည့် ချီးမြှင့်သင့်ချီးမြှင့်ထိုက်သော သာသနာ့အာဇာနည်များ၊ လူပုဂ္ဂိုလ်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ပြု ချီးမြှင့်နိုင်ရေးနှင့် ရရှိသင့်ရရှိထိုက်သောပုဂ္ဂိုလ်များ မကျန်ရှိစေရေးတို့အတွက် ချီးမြှင့်အပ်နှင်းခံရမည့်ပုဂ္ဂိုလ်များ၏ အရည်အချင်းမှာ သားစဉ်မြေးဆက်ဂုဏ်ယူ ဝံ့ကြွားနိုင်သော ထိုက်တန်သည့် စွမ်းဆောင်ရည်များကိုသာ ချီးမြှင့်ခြင်းမျိုးဖြစ်စေရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့်တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် (၁) နှစ်တာအတွင်း သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ တပ်မတော် ဆိုင်ရာစွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့် အပ်နှင်းနိုင်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များဆက်ကပ် ချီးမြှင့်နိုင်ရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း စိစစ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
အစည်းအဝေးသို့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၂-၂၀၂၃)
- အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် ကဏ္ဍပေါင်းစုံက နိုင်ငံတော်အတွက် ထူးကဲစွာ ဘာသာသာသနာ့အကျိုး ဆောင်ရွက်ခဲ့ကြသူများနှင့် ပြည်သူ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်နိုင်ရေးအတွက် ပြဋ္ဌာန်းချက်နှင့်အညီ စိစစ်ဆောင်ရွက်သွားကြမည်ဖြစ်။
- ပဏာမစိစစ်ရေးအဖွဲ့အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ထပ်မံစိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာ စာထုတ်ပြန်ပြီး ချီးမြှင့်ပေးသွားမည်ဖြစ်။
Add new comment