နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက်တို့တွင် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်-
- ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား Order of Alexander Nevsky ဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းခဲ့သည့်အခြေအနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai PATRUSHEV အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည့်အခြေအနေများ။
- ထွက်ခွင့်ရထားသော စစ်သည်ဟောင်းများ၊ ခွင့်မဲ့၊ စစ်ပြေးဖြစ်နေသော စစ်သည်များက နိုင်ငံတော်ကာကွယ်ရေးအတွက် ခွင့်ပြုပါက တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း စာရေးသား၍ ဆန္ဒပြုခြင်း၊ တပ်မှူးများနှင့် လူကိုယ်တိုင်တွေ့ဆုံကာ ဆန္ဒပြုခြင်းများကို ပြုလုပ် ခဲ့ကြောင်း။
- ခွင့်မဲ့၊ စစ်ပြေးဖြစ်နေသော စစ်သည်များအနေဖြင့် သတ်မှတ်ကာလအရ အကြုံးဝင်သည့် စစ်သည်များကို သက်ဆိုင်ရာ ဒါမှမဟုတ် နီးစပ်ရာတပ်များ၌ ပြန်လည်လက်ခံပေးမည်ဖြစ်ကြောင်းနှင့် စစ်မှုထမ်းရန်ဆန္ဒပြုသည့် သာမန်ပြစ်မှုကျူးလွန်သော တပ်မတော်သားများကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ ကြောင်း။
- ဥပဒေအရ စစ်ပြေးမှုဆိုသည်မှာ ယေဘုယျအားဖြင့် တပ်သို့ပြန်လာရန် ရည်ရွယ်ချက်မရှိသော ခွင့်မဲ့ပျက်ကွက်ခြင်းဖြစ်ပြီး တပ်သို့ပြန်လာ၍ စစ်မှုထမ်းရန် ရည်ရွယ်ချက်ရှိပါက စစ်ပြေးမှုမမြောက်ဘူးဟု ဆိုလိုနိုင်ကြောင်း။
- ခွင့်မဲ့ပျက်ကွက် ကြေညာခံထားရသူများသည် တပ်တွင် စစ်မှုထမ်းရန်ရည်ရွယ်ချက်ဖြင့် ပြန်လာမည်ဆိုပါက စစ်ပြေးမှုအဖြစ်မသတ်မှတ်ဘဲ ခွင့်မဲ့ပျက်ကွက်မှုအဖြစ်သာ သတ်မှတ်ပြီး စစ်သည်များကို စစ်မှုထမ်းရန် လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- အမေရိကန်နိုင်ငံ၏ Website တစ်ခုဖြစ်သော US Department State Website တွင် Country Report Of Terrorism 2022 ခေါင်းစဉ်ဖြင့် နိုင်ငံအလိုက်အကြမ်းဖက်မှု အစီရင်ခံစာတစ်ခု ထွက်ရှိလာခဲ့ပြီး ၎င်းအစီရင်ခံစာတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုများ၏ ၅၇ ရာခိုင်နှုန်းကိုလည်းကောင်း၊ KNLA ၊ KNDF အဖွဲ့များက ၁၄ ရာခိုင်နှုန်းကိုလည်းကောင်း ကျူးလွန်နေသည်ဟု ထုတ်ပြန်ထားသည်ကိုတွေ့ရှိရကြောင်း။
- အဆိုပါအကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့များဖြစ်သည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ အမြန်ဆုံးချုပ်ငြိမ်းနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း။
- ရှမ်းပြည်နယ်(အရှေ့မြောက်ဒေသ)တွင် နမ့်ခမ်း၊ လောက်ကိုင်ဒေသများ၌လည်းကောင်း၊ ကရင်ပြည်နယ်တွင် ကော့ကရိတ်မြို့ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်တွင် ပေါက်တောရဲစခန်းကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ထီးချိုင့်မြို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် မုန်းမြို့ကိုလည်းကောင်း လာရောက်ပစ်ခတ်ခဲ့ရာ ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိသည့်အခြေအနေများ။
- မုန်းမြို့ရှိ နယ်မြေခံတပ်ရင်းများနှင့် မြို့ဝင်သံတံတားတို့အား KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အား ၁,၅၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ပြီး မုန်းမြို့အား ဒီဇင်ဘာလ ၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန် လုပ်ကြံ၍ သတင်းအမှားများ ဖြန့်ချိဝါဒဖြန့်လျက်ရှိကြောင်း။
- ဖြစ်စဉ်အမှန်မှာ တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများက ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်မှုနှင့် လေကြောင်းပစ်ကူများကြောင့် အကြမ်းဖက်အဖွဲ့များသည် ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး တပ်မတော်စစ်ကြောင်းများက မုန်းမြို့အား ပြန်လည်ထိန်းချုပ်၍ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း။
- နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့ ရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ပြည်ထောင်စုစနစ်ကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို မလွဲမသွေ လျှောက်လှမ်းတည်ထောင်သွားမှာဖြစ်သည့် အခြေအနေများ။
နိုင်ငံတော်ကာကွယ်ရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်သွားရန် တာဝန်ရှိပြီး စုစည်းညီညာစွာ လုပ်ဆောင်သွားရန် လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၂-၂၀၂၃)
- အမေရိကန်နိုင်ငံ၏ Website တစ်ခုဖြစ်သော US Department State Website တွင် Country Report Of Terrorism 2022 ခေါင်းစဉ်ဖြင့် နိုင်ငံအလိုက် အကြမ်းဖက်မှုအစီရင်ခံစာတစ်ခု ထွက်ရှိလာခဲ့ပြီး ၎င်းအစီရင်ခံစာတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မြန်မာ နိုင်ငံရှိ အကြမ်းဖက်မှုများ၏ ၅၇ ရာခိုင်နှုန်းကို လည်းကောင်း၊ KNLA၊ KNDF အဖွဲ့များက ၁၄ ရာခိုင်နှုန်းကိုလည်းကောင်း ကျူးလွန်နေသည်ဟု ထုတ်ပြန်ထားရှိ။
- အဆိုပါအကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့များဖြစ်သည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ အမြန်ဆုံးချုပ်ငြိမ်းနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လို။
- မုန်းမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေများက ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်မှုနှင့် လေကြောင်းပစ်ကူများကြောင့် အကြမ်းဖက်အဖွဲ့များသည် ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး တပ်မတော်စစ်ကြောင်းများက မုန်းမြို့အား ပြန်လည်ထိန်းချုပ်၍ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ။
Add new comment