ပြည်ထောင်စုဝန်ကြီးများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ

         ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာအယ်လ်ဘတ်ခရီမော့ဗ် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာလ ၅ ရက်တွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ကုန်သွယ်ရေးနှင့် စီးပွားရေး၊ သတင်းအချက်အလက်နည်းပညာ၊ ဘဏ္ဍာရေးနှင့် စက်မှုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၂-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးနှင့် စီးပွားရေး၊ သတင်းအချက်အလက်နည်းပညာ၊ ဘဏ္ဍာရေးနှင့် စက်မှုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

Add new comment