ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

      တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၄ ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ-

  • မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၅ ဦးသည် ၎င်းတို့နှင့်အတူ လက်လုပ်သေနတ် ၂ လက်၊ ၉ မမ ကျည် ၁၀ တောင့်၊ ကျည်အိမ် ၄ ခုနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အပ်နှံခဲ့ပြီး အဆိုပါ အပ်နှံခဲ့သည့် သေနတ် ၂ လက်အတွက် ဆုကြေးငွေကျပ် ၁၀ သိန်းရရှိခဲ့။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများအား ပြန်လည်လက်ခံကြိုဆို၍ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်းနှင့် ဒီဇင်ဘာလ ၄ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၅၅၇ ဦးနှင့် အမျိုးသမီး ၁၅၄ ဦး၊ စုစုပေါင်း ၇၁၁ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၅-၁၂-၂၀၂၃)

 

  • မြစ်ငယ်နှင့် မြိုင်မြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ဦးသည် ၎င်းတို့နှင့်အတူ လက်လုပ်သေနတ် လက်၊ မမကျည် ၁၀ တောင့်၊ ကျည်အိမ် ခုနှင့် ဆက်စပ် ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အပ်နှံခဲ့ပြီး အလင်းဝင်ရောက်ခဲ့။
  • ဒီဇင်ဘာလ ၄ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၅၅၇ ဦးနှင့် အမျိုးသမီး ၁၅၄ ဦး၊ စုစုပေါင်း ၇၁၁ ဦးရှိပြီဖြစ်။

Add new comment