မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ပြောကြားခဲ့ရာတွင်-

  • တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များသည် မြန်မာ နိုင်ငံ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အတူ ပူးပေါင်းရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့မှု၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားခဲ့မှုအခြေအနေများ။
  • တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ အစိုးရချင်း၊ တပ်မတော်ခြင်း ဆက်ဆံရေး  ခိုင်မြဲအောင်မြင်လျက်ရှိသည့်အခြေအနေများ။
  • မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား သက် ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိရာ ဒီဇင်ဘာလ ၂ ရက်အထိ စုစုပေါင်း ၁၀,၇၈၄ ဦးကို လွှဲပြောင်းပြီးဖြစ်သည့်အခြေအနေများ။
  • နိုဝင်ဘာလ ၂၉ ရက်တွင်  ငြိမ်းချမ်းရေးကို လိုလားသူများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် ကြားဝင်ညှိနှိုင်းပေးသည့်အဖွဲ့များကြောင့် ဖမ်းဆီးခြင်းခံရသည့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား ၁၉၃ ဦး ထပ်မံ လွတ်မြောက်လာခဲ့မှုနှင့် လွတ်မြောက်ရန် ကျန်ရှိသေးသည့် ၁၁ ဦးကိုလည်း ဆက်လက်ကြိုးပမ်းသွားမည့်အခြေအနေများ။
  • ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နမ့်ခမ်း၊ တာမိုးညဲ၊ မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကျောက်မဲမြို့ရှိ Toll Gate အနီး၊ လောက်ကိုင်ဒေသများ၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် KIA၊ PDF ပူးပေါင်းအဖွဲ့များက တန့်ဆည်ရဲ စခန်းအားလည်းကောင်း၊ ရခိုင်ပြည်နယ်တွင် ပေါက်တောအထက်တန်းကျောင်းနှင့် ထရွန်အိုင်စခန်းကိုလည်းကောင်း၊ ကယားပြည်နယ်တွင် မိုးဗြဲနေရာတစ်ဝိုက်၊ လွိုင်ကော်ပြည်နယ်ရဲတပ်ဖွဲ့ရုံးနှင့် လွိုင်ကော်အထက်တန်းကျောင်းကို လည်းကောင်း၊ ကရင်ပြည်နယ်တွင် ကော့ကရိတ်မြို့၏ နေရာရှစ်နေရာကို KNU၊ PDF အဖွဲ့ကလည်းကောင်း လာရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိ သည့်အခြေအနေများ။
  • ထိတွေ့တိုက်ပွဲများတွင် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျဆုံးထိခိုက် ဒဏ်ရာရရှိမှုများပြားသည့်အခြေအနေများ၊ ကော့ကရိတ်မြို့ကိုလာရောက်တိုက်ခိုက်ခဲ့သည့် ရန်သူများကို တပ်မတော်က ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ ရန်သူများ ထိခိုက် ကျဆုံးမှုများပြားပြီး တချို့လူနာများကို တစ်ဘက်နိုင်ငံအထိပို့၍ ဆေးကုသမှုခံယူနေရသည့်အခြေအနေများ။
  • ကျောက်မဲမြို့ရှိ ဒေသခံပြည်သူများသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ခေတ္တရှောင်တိမ်းနေရာမှ မြို့ထဲကိုပြန်လည်ရောက်ရှိခဲ့ရာ အပုပ်နံ့များရရှိသောကြောင့် လိုက်လံရှာဖွေသည့်အခါ တရုတ်သင်္ချိုင်းအနီး သေဆုံးနေသော TNLA၊ KIA၊ MNDAA၊ PDF တံဆိပ်ပါ ရှိသော အလောင်းပေါင်းမြောက်များစွာ တွေ့ရှိခဲ့ရပြီး မြို့နယ်လူထုက လုံခြုံရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းရှင်းလင်းခဲ့ရသည့်အခြေအနေများနှင့် မောင်ဖုန်းတောင်အဆင်းလမ်း၌လည်း အဆိုပါအဖွဲ့များ၏ ယူနီဖောင်းပါရှိသည့် အလောင်းများ တွေ့ရှိခဲ့ရမှု အခြေအနေများ။
  • လားရှိုးမြို့နှင့် သီပေါမြို့ကြား ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်မှ စဉ့်အင်တံတားကို TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အခြေအနေများ။
  • အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကို ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီး မန္တလေး-မူဆယ်လမ်းပိုင်းရှိ လမ်းတံတားများကို သွားလာရခက်ခဲစေရန် ဖျက်ဆီးခဲ့မှု၊ MNDAA အနေဖြင့် လောက်ကိုင်သို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် လူများအနက်မှ အရွယ်ကောင်းများကို ပြန်လွှတ်မပေးဘဲ ဖမ်းဆီးခေါ်ဆောင်ကာ စစ်သားစုဆောင်းနေသည့် အခြေအနေများ။
  • အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌတာဝန် ထမ်းဆောင်နေသည့် ဦးသန်းထွန်းကို ရန်ကုန်မြို့တွင် PDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့မှု၊ NUG PDF အဖွဲ့ များအနေဖြင့် နေရာမျိုးစုံ၊ မီဒီယာမျိုးစုံမှတစ်ဆင့် ၎င်းတို့နှင့် အတွေးအခေါ် မတူသူ မှန်သမျှကို ဆန့်ကျင်သတ်ဖြတ်ရန် အမြဲတမ်းလှုံ့ဆော်နေသည့်အခြေအနေများ။
  • အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြည်သူပိုင်အဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေး အဆောက်အအုံများကို အကာအကွယ်ယူ၍ တပ်မတော်ကို ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ တပ်မတော်မှ ပြန်လည်တိုက်ခိုက်ပါက စစ်ရေးနှင့် မသက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဆေးရုံများကို ပစ်ခတ်တိုက်ခိုက်နေကြောင်း ကောလဟလသတင်းများ၊ မဟုတ်မမှန် သတင်းများ လုပ်ကြံသတင်းများ ဖန်တီးလုပ်ဆောင်လျက်ရှိသည့်အခြေအနေများ။
  • စစ်ရေးဆိုင်ရာဥပဒေများအရ တပ်မတော်အနေဖြင့် အရပ်ဘက်အဆောက်အအုံတစ်ခုဟု သတ်မှတ်ထားသောနေရာမှ ရန်သူသည် မိမိတို့အား ပစ်ခတ်လာပါက စစ်ဘက်ဆိုင်ရာအဆောက်အအုံအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည့်အခြေအနေများ။
  • ရှမ်းပြည်နယ်(အရှေ့မြောက်)ဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အနောက်နိုင်ငံမှ ထောက်ပံ့ပေးထားသည့် မီဒီယာများက တရုတ်-မြန်မာနှစ်နိုင်ငံအကြား အထင်အမြင်လွဲမှားစေ၍ ပဋိပက္ခများဖြစ်ပွားအောင် အမျိုးမျိုးသွေးထိုးလှုံ့ဆော်နေသည့်အခြေအနေများ။
  • ပြည်ပတွင်နေထိုင်လျက်ရှိသည့် တိုင်းဖျက်ပြည်ဖျက် ဆန့်ကျင်ရေးသမားများ၊ အနောက်နိုင်ငံမှ ထောက်ပံ့ပေးထားသည့် မီဒီယာများ၏ မြှောက်ပင့်မှု၊ ကောလာဟလများကြောင့် မြန်မာနိုင်ငံတွင် သေဆုံးရသူ မနည်းလှသည့်အခြေအနေများ။

နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့ ရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ စနစ်နှင့် ပြည်ထောင်စုစနစ်ကို  အခြေခံသည့် ဖက်ဒရယ်စနစ်ကို မလွဲမသွေလျှောက် လှမ်း တည်ထောင်သွားမှာဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၁၂-၂၀၂၃)

 

  • တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ အစိုးရချင်း၊ တပ်မတော်ချင်း ဆက်ဆံရေး ခိုင်မြဲအောင် မြင်လျက်ရှိ။
  • MNDAA အနေဖြင့် လောက်ကိုင်သို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် လူများအနက်မှ အရွယ်ကောင်းများကို ပြန်လွှတ်မပေးဘဲ ဖမ်းဆီးခေါ်ဆောင်ကာ စစ်သားစုဆောင်းနေ။
  • စစ်ရေးဆိုင်ရာဥပဒေများအရ တပ်မတော်အနေဖြင့် အရပ်ဘက်အဆောက်အအုံတစ်ခုဟု သတ်မှတ်ထားသောနေရာမှ ရန်သူသည် မိမိတို့အား ပစ်ခတ်လာပါက စစ်ဘက်ဆိုင်ရာအဆောက်အအုံအဖြစ် ပြောင်းလဲသွားမည်ဖြစ်။
  • ရှမ်းပြည်နယ်(အရှေ့မြောက်)ဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အနောက်နိုင်ငံမှ ထောက်ပံ့ပေးထားသည့် မီဒီယာများက တရုတ်-မြန်မာနှစ်နိုင်ငံအကြား အထင်အမြင်လွဲမှားစေ၍ ပဋိပက္ခများဖြစ်ပွားအောင် အမျိုးမျိုးသွေးထိုးလှုံ့ဆော်နေခြင်းဖြစ်။
  • ပြည်ပတွင်နေထိုင်လျက်ရှိသည့် တိုင်းဖျက်ပြည်ဖျက် ဆန့်ကျင်ရေးသမားများ၊ အနောက်နိုင်ငံမှ ထောက်ပံ့ပေးထားသည့် မီဒီယာများ၏ မြှောက်ပင့်မှု၊ ကောလာဟလများကြောင့် မိမိတို့မြန်မာနိုင်ငံတွင် သေဆုံးရသူ မနည်းလှ။
  • နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့ ရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ပြည်ထောင်စုစနစ်ကို  အခြေခံသည့် ဖက်ဒရယ်စနစ်ကို မလွဲမသွေလျှောက်လှမ်း တည်ထောင်သွားမှာဖြစ်။

Add new comment