ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ၂၀၂၃ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ အကြိုအစည်းအဝေးသို့ တက်ရောက်

      တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်းရှီပြည်နယ်၊ နန်ချန်းမြို့၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များအကြိုအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၊ ကျန်းရှီပြည်နယ်အုပ်ချုပ်ရေးမှူး ရဲ့ကျန်းချန်း၊ Shanghai Cooperation Organization အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား တိုင်းရင်းဆေးပညာရပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ တိုင်းရင်းဆေးဝါးများ အရည်အသွေးကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၂-၂၀၂၃)

 

  • အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား တိုင်းရင်းဆေးပညာရပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ တိုင်းရင်းဆေးဝါးများ အရည်အသွေးကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ကြီး ကြပ်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

 

 

Add new comment