ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသော Quarantine Center များ အား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-

· ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ဇန်နဝါရီလ ၁၈ ရက်အထိ လူဦးရေစုစုပေါင်း ၂၁ ဒသမ ၅ သန်းအား ထိုးနှံပေးပြီး ဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၁၇ ဒသမ ၈ သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၃ ဒသမ ၇ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေစုစု ပေါင်း ၃၉ ဒသမ ၂ သန်း ထိုးနှံပြီးဖြစ်။

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၁၈ ရက်အထိ ဒုတိယအကြိမ်အဖြစ် ၁,၃၈၆,၆၆၄ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၁၃၈,၈၉၄ ဦးအား ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။

· ဇန်နဝါရီလ ၁၈ ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်း၌ ခိုလှုံနေကြသည့် ၁၈ နှစ် နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ။

· မြန်မာနိုင်ငံ၌ ၁၈-၁-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၁၁၈ ဦး ရှိပြီး ပြည်ပမှ Relife Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူ ၁၁၆ ဦးနှင့် ၎င်းတို့နှင့် ထိတွေ့သည့်မိသားစုဝင် ၂ ဦးတို့ဖြစ်ပါသည်။ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၁၆ ဦးမှာ မြန်မာနိုင်ငံသား ၁၀၁ ဦးနှင့် နိုင်ငံခြားသား ၁၅ ဦးတို့ဖြစ်ပြီး ယူအေအီးနိုင်ငံမှ ၁၇ ဦး၊ မလေးရှားနိုင်ငံမှ ၁၉ ဦး၊ အိန္ဒိယနိုင်ငံမှ ၆၇ ဦး၊ ထိုင်းနိုင်ငံမှ ၆ ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ ၆ ဦးနှင့် စင်ကာပူနိုင်ငံမှ ၁ ဦးတို့ဖြစ်။

· ကျန်းမာရေးဝန်ကြီးဌာနသည် ၁၉-၁-၂၀၂၂ ရက်တွင် ချင်း ပြည်နယ်ရှိ ဟားခါးမြို့နယ်အား မိမိနေအိမ်တွင် နေထိုင်နိုင်ရေး (Stay at Home) အစီအစဉ်အဖြစ် သတ်မှတ်ထားခြင်းမှ ထပ်မံပယ်ဖျက်ခဲ့ပါသည်။ မိမိနေအိမ်၌ နေထိုင် နိုင်ရေးအစီအစဉ်တွင် အကျုံးဝင်သည့် (Stay at Home) ၁၁၉ မြို့နယ်သတ်မှတ်ခဲ့ရာ ၁၉-၁-၂၀၂၂ ရက်တွင် အဆိုပါ မြို့နယ်အားလုံးအား (Stay at Home) အစီအစဉ်မှ ပယ်ဖျက်ပြီးဖြစ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက် ရှိရာ-

· ကချင်ပြည်နယ်၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ဂိတ်၊ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ဂိတ်၊ ရှမ်းပြည်နယ် မူဆယ် နယ်စပ်ဂိတ်နှင့် လောက်ကိုင်နယ်စပ်ဂိတ်တို့မှတစ်ဆင့် ပြန်လည်လက်ခံခဲ့ရာ ၂၅-၇-၂၀၂၁ ရက်မှ ၁၈-၁-၂၀၂၂ ရက် အထိ ၆၁,၉၇၃ ဦး ပြန်လည်ဝင်ရောက်လာခဲ့။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီလ ၁၈ ရက်တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၀,၈၂၄ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၆၃ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၅၁ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၁၈-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၂၂၃,၇၀၁ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၃,၄၀၈ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉,၃၀၅ ဦးရှိကြောင်း သိရှိရပါသည်။

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဇန်နဝါရီလ ၁၈ ရက်အထိ လူဦးရေ စုစုပေါင်း ၂၁ ဒသမ ၅ သန်းအား ထိုးနှံ ပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၁၇ ဒသမ ၈ သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၃ ဒသမ ၇ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၃၉ ဒသမ ၂ သန်း ထိုးနှံပြီးဖြစ်။
  • ၁၈-၁-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၁၁၈ ဦးတို့မှာ ပြည်ပမှ Relife Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူ ၁၁၆ ဦးနှင့် ၎င်းတို့နှင့်ထိတွေ့သည့် မိသားစုဝင် ၂ ဦးတို့ဖြစ်။
  • ၁၉-၁-၂၀၂၂ ရက်တွင် ချင်းပြည်နယ်ရှိ ဟားခါးမြို့နယ်အား မိမိနေအိမ်တွင် နေထိုင်နိုင်ရေး (Stay at Home) အစီအစဉ်အဖြစ် သတ်မှတ်ထားခြင်းမှ ထပ်မံပယ်ဖျက်ခဲ့။
  • ကချင်ပြည်နယ်၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ဂိတ်၊ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ဂိတ်၊ ရှမ်းပြည်နယ် မူဆယ်နယ်စပ်ဂိတ်နှင့် လောက်ကိုင်နယ်စပ်ဂိတ်တို့မှတစ်ဆင့် ပြန်လည်လက်ခံခဲ့ရာ ၂၅-၇-၂၀၂၁ ရက်မှ ၁၈-၁-၂၀၂၂ ရက် အထိ ၆၁,၉၇၃ ဦး ပြန်လည်ဝင်ရောက်လာခဲ့။
  • ၁၈-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၂၂၃,၇၀၁ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၃,၄၀၈ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၃၀၅ ဦးဖြစ်ပြီး ၁၈-၁-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၅၁ ရာခိုင်နှုန်းရှိ။

 

Add new comment