မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၂၉ ရက်တွင် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်-

  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက်လည်ပတ်ခြင်း၊ မြန်မာ့တပ်မတော်(ရေ)မှ အရာရှိ၊စစ်သည်များနှင့် သန်လျင်တပ်နယ် အားကစားခန်းမတွင် နှစ်နိုင်ငံ ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့ခြင်းနှင့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေးယာဉ်များကို အပြန်အလှန်လေ့လာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း။
  • နိုဝင်ဘာလ ၂၉ ရက်တွင်  ငြိမ်းချမ်းရေးကို လိုလားသူများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် ကြားဝင်ညှိနှိုင်းပေးသည့်အဖွဲ့များကြောင့် ဖမ်းဆီးခြင်းခံရသည့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား ၁၉၃ ဦး ထပ်မံလွတ်မြောက် လာခဲ့ပြီး လွတ်မြောက်ရန် ကျန်ရှိသေးသည့် ၁၁ ဦးကိုလည်း ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း။
  • ရှမ်းပြည်နယ်(အရှေ့မြောက်ဒေသ)တွင် နန်းခမ်း၊ တာမိုးညဲ၊ မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကျောက်မဲမြို့ရှိ Toll Gate အနီး၊ လောက်ကိုင်ဒေသများ၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် KIA၊ PDF ပူးပေါင်းအဖွဲ့များက တန့်ဆည် ရဲစခန်းအားလည်းကောင်း၊ ရခိုင်ပြည်နယ်တွင် ပေါက်တောအထက်တန်းကျောင်းကိုလည်းကောင်း၊ ကယားပြည်နယ်တွင် လွိုင်ကော်ပြည်နယ်ရဲတပ်ဖွဲ့ရုံးနှင့် လွိုင်ကော်အထက်တန်းကျောင်းကိုလည်းကောင်း လာရောက်ပစ်ခတ်ခဲ့ရာ ထိတွေ့မှုများ ဖြစ်ပွား လျက်ရှိကြောင်း။
  • ကျောက်မဲမြို့ရှိ ဒေသခံပြည်သူများသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ခေတ္တရှောင်တိမ်းနေရာမှ မြို့ထဲကိုပြန်လည်ရောက်ရှိခဲ့ရာ အပုပ်နံ့များရရှိသောကြောင် လိုက်လံရှာဖွေသည့်အခါ တရုတ်သင်္ချိုင်းအနီး သေဆုံးနေသော TNLA၊ KIA၊ MNDAA၊ PDF တံဆိပ်ပါရှိသော အလောင်းပေါင်းမြောက်များစွာ တွေ့ရှိခဲ့ရပြီး မြို့နယ်လူထုက လုံခြုံရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းရှင်းလင်းခဲ့ရကြောင်း။
  • မောင်ဖုန်းတောင်အဆင်းလမ်း၌လည်း အဆိုပါအဖွဲ့များ၏ ယူနီဖောင်းပါရှိသည့် အလောင်းများ တွေ့ရှိခဲ့ရကြောင်း။
  • ရှမ်းပြည်နယ်(အရှေ့မြောက်)ဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အနောက်နိုင်ငံမှ ထောက်ပံ့ပေးထားသည့် မီဒီယာများက တရုတ်-မြန်မာနှစ်နိုင်ငံအကြား အထင်အမြင်လွဲမှားစေ၍ ပဋိပက္ခများဖြစ်ပွားအောင် အမျိုးမျိုးသွေးထိုးလှုံ့ဆော်နေခြင်းဖြစ်ကြောင်း။
  • ပြည်ပတွင်နေထိုင်လျက်ရှိသည့် တိုင်းဖျက်ပြည်ဖျက်ဆန့်ကျင်ရေးသမားများ၊ အနောက်နိုင်ငံမှ ထောက်ပံ့ပေးထားသည့် မီဒီယာများ၏ မြှောက်ပင့်မှု၊ ကောလဟလများကြောင့် မိမိတို့မြန်မာနိုင်ငံတွင် သေဆုံးရသူ မနည်းလှကြောင်း။
  • ရှမ်းပြည်နယ်အတွင်းရှိ EAO အဖွဲ့များဖြစ်သည့် RCSS နှင့် SSPP/SSA အဖွဲ့တို့သည် ပစ်ခတ်တိုက်မှုရပ်ဆဲခဲ့ကြောင်းနှင့် အဆိုပါအဖွဲ့နှစ်ဖွဲ့အကြား အမြဲတမ်းထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိစေဘဲ ပဋိပက္ခများရပ်တန့်အောင် တပ်မတော်အနေဖြင့် အမြဲတမ်း ကြားဝင်ညှိနှိုင်းစေ့စပ်ပေးခဲ့ကြောင်း။
  • အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြည်သူပိုင်အဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေးအဆောက်အအုံများကို အကာအကွယ်ယူ၍ တပ်မတော်ကို ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ တပ်မတော်မှ ပြန်လည်တိုက်ခိုက်ပါက စစ်ရေးနှင့် မသက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဆေးရုံများကို ပစ်ခတ်တိုက်ခိုက်နေကြောင်း ကောလဟလသတင်းများ၊ မဟုတ်မမှန်သတင်းများ လုပ်ကြံသတင်းများ ဖန်တီးလုပ်ဆောင်လျက်ရှိကြောင်း။
  • စစ်ရေးဆိုင်ရာဥပဒေများအရ တပ်မတော်အနေဖြင့် အရပ်ဘက်အဆောက်အအုံတစ်ခုဟု သတ်မှတ်ထားသောနေရာမှ ရန်သူသည် မိမိတို့အား ပစ်ခတ်လာပါက စစ်ဘက်ဆိုင်ရာအဆောက်အအုံအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း။

TNLA၊ AA၊ MNDAA အဖျက်သမားများအနေဖြင့် ရှမ်းပြည်နယ်(အရှေ့မြောက်)ဒေသပြီးပါက မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အဖျက်လုပ်ငန်းများနှင့် ပြည်သူလူထုကို တိုက်ရိုက်ထိပါးစော်ကားသည့် လုပ်ငန်းများဆောင်ရွက်ရှိရာ ဒေသခံပြည်သူ လူထုဖြစ်သော ရှမ်းပြည်သူလူထုအနေဖြင့် များစွာနစ်နာဆုံးရှုံးလျက်ရှိပြီး ရှမ်းပြည်သူလူထု၏နေအိမ်များတွင် ဝင်ရောက်နေထိုင်ကာ အကာအကွယ်ယူ၍ တပ်မတော်ကို တိုက်ခိုက်နေခြင်းအား ဝိုင်းဝန်းပူးပေါင်းဆန့်ကျင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၂-၂၀၂၃)

 

  • ရှမ်းပြည်နယ်(အရှေ့မြောက်)ဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အနောက်နိုင်ငံမှ ထောက်ပံ့ပေးထားသည့် မီဒီယာများက တရုတ်-မြန်မာနှစ်နိုင်ငံအကြား အထင်အမြင်လွဲမှားစေ၍ ပဋိပက္ခများဖြစ်ပွားအောင် အမျိုးမျိုးသွေးထိုးလှုံ့ဆော်နေခြင်းဖြစ်။
  • ပြည်ပတွင်နေထိုင်လျက်ရှိသည့် တိုင်းဖျက်ပြည်ဖျက်ဆန့်ကျင်ရေးသမားများ၊ အနောက်နိုင်ငံမှ ထောက်ပံ့ပေးထားသည့် မီဒီယာများ၏ မြှောက်ပင့်မှု၊ ကောလဟလများကြောင့် မိမိတို့မြန်မာနိုင်ငံတွင် သေဆုံးရသူ မနည်းလှ။
  • ရှမ်းပြည်နယ်အတွင်းရှိ EAO အဖွဲ့များဖြစ်သည့် RCSS နှင့် SSPP/SSA အဖွဲ့တို့သည် ပစ်ခတ်တိုက်မှုရပ်ဆဲခဲ့ကြောင်းနှင့် အဆိုပါအဖွဲ့နှစ်ဖွဲ့အကြား အမြဲတမ်းထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိစေဘဲ ပဋိပက္ခများ ရပ်တန့်အောင် တပ်မတော်အနေဖြင့် အမြဲတမ်း ကြားဝင်ညှိနှိုင်းစေ့စပ်ပေးခဲ့။
  • စစ်ရေးဆိုင်ရာဥပဒေများအရ တပ်မတော်အနေဖြင့် အရပ်ဘက်အဆောက်အအုံတစ်ခုဟု သတ်မှတ်ထားသောနေရာမှ ရန်သူသည် မိမိတို့အား ပစ်ခတ်လာပါက စစ်ဘက်ဆိုင်ရာအဆောက်အအုံအဖြစ်ပြောင်းလဲသွားမည်ဖြစ်။

Add new comment