ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် “အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်းပို့ဆောင်ဆက်သွယ်မှုတိုးတက်ရေးနှင့် သာယာဝပြောမှုမျှဝေရေးဖိုရမ်” တက်ရောက်

     အာဆီယံ-တရုတ်စင်တာမှကြီးမှူး၍ “အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်းပို့ဆောင်ဆက်သွယ်မှုတိုးတက်ရေးနှင့် သာယာဝပြောမှုမျှဝေရေးဖိုရမ်”အစီအစဉ်ကို လာအို ပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့နှင့် လွန်ပရာဘန်မြို့တို့၌ နိုဝင်ဘာလ ၂၆ ရက်မှ ၂၉ ရက်အထိကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

ဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အာဆီယံပေါင်းစည်းမှုဆိုင်ရာမဟာစီမံကိန်း ၂၀၂၅ အနေဖြင့် အာဆီယံနိုင်ငံများအကြား စဉ်ဆက်မပြတ် ရေရှည်တည်တံ့သည့် အခြေခံအဆောက်အဦများဖြစ်ပေါ်လာရေး၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် တီထွင် ကြံဆမှုများ တိုးတက်လာရေးနှင့် ပို့ဆောင်ဆက်သွယ်မှုလွယ်ကူစေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်းနိုင်ငံသားများအချင်းချင်း ဆက်သွယ်ပေါင်းစည်းခြင်းတို့ကို မြှင့်တင်ဆောင်ရွက်သွားရန်ဖြစ်ပြီး တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်လာစေကြောင်း ပြောကြားခဲ့ပါသည်။

 ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းတွင် လွန်ပရာဘန်မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ညနေပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၂-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့နှင့် လွန်ပရာဘန်မြို့တို့၌ ကျင်းပခဲ့သည့် “အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်းပို့ဆောင်ဆက်သွယ်မှုတိုးတက်ရေးနှင့် သာယာဝပြောမှုမျှဝေရေးဖိုရမ်” သို့ တက်ရောက်ခဲ့။

Add new comment