တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာ တွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများသေဆုံးခဲ့ဟူသည့်သတင်းသည် မှန်ကန်မှုမရှိဘဲ တပ်မတော်အနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးတို့အတွက် အကြမ်းဖက် သမားများကို ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းနှင့်အညီ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိပြီး ပြည်သူများနေထိုင်ရာနေရာများသို့ မည်သည့်အခါမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း မရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ပြည်သူများနေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းသာရှိကြောင်း။
- မြိတ်မြို့နှင့် ထားဝယ်မြို့တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားများကို အစစ်ဆေးမရှိ ဖမ်းဆီးမှုများ ပြုလုပ်နေဟူသည့်သတင်းမှာ လုပ်ကြံသတင်းဖြစ်ကြောင်း သက်ဆိုင်ရာနယ်မြေတွင် တာဝန်ထမ်းဆောင်နေသည့် တာဝန်ရှိသူတစ်ဦးထံမှ သိရှိရ။
နိုင်ငံ့တာဝန်များကို ဦးလည်မသုန်ကျေပွန်စွာထမ်းရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လိုသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အကြမ်းဖက်မှုလုပ်ရပ်များကို အားပေးလှုံ့ဆော်နေသည့် တရားမဝင်ပြည်ဖျက်မီဒီယာများမှ စိုးရိမ်ထိတ်လန့်စေရန် အဆိုပါကောလာဟလသတင်းများ ရေးသားဖြန့်ဝေခြင်းသာဖြစ်ပြီး နိုင်ငံတော်အစိုးအရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁၁-၂၀၂၃)
|
Add new comment