အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် လိုက်ပါမလုပ်ဆောင်ရန် တားမြစ်ထားသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကို အားပေးလုပ်ဆောင်ခဲ့သဖြင့် တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ-
- နိုဝင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၌ ၆ ဦး၊ မန္တလေးတိုင်း ဒေသကြီး၌ ၃ ဦး၊ မကွေးတိုင်းဒေသကြီး၌ ၁ ဦး၊ ကရင်ပြည်နယ်၌ ၂ ဦး၊ ရခိုင် ပြည်နယ်၌ ၂ ဦးနှင့် ရှမ်းပြည်နယ်၌ ၁ ဦး၊ စုစုပေါင်း ၁၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့၊၊
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်ထိ စုစုပေါင်း ၁,၈၅၁ ဦးအား ဥပဒေနှင့်အညီ အရေးယူထားပါသည်၊၊
ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၁၁-၂၀၂၃)
- နိုဝင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၌ ၆ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၃ ဦး၊ မကွေးတိုင်းဒေသကြီး၌ ၁ ဦး၊ ကရင်ပြည်နယ်၌ ၂ ဦး၊ ရခိုင်ပြည်နယ်၌ ၂ ဦးနှင့် ရှမ်းပြည်နယ်၌ ၁ ဦး၊ စုစုပေါင်း ၁၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့၊၊
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်ထိ စုစုပေါင်း ၁,၈၅၁ ဦးအား ဥပဒေနှင့်အညီ အရေးယူထားရှိ။
Add new comment