တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)၊ 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ မြန်မာ-တရုတ်ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင် ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် နိုဝင်ဘာလ ၂၇ ရက်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပါသည်။
- နိုဝင်ဘာလ ၂၈ ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး Senior Captain Sun Bo ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာခဲ့ပြီး တပ်မတော်(ရေ)မှ တာဝန်ရှိသူများနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်မည့်ကိစ္စရပ်များအား ဆွေးနွေးခြင်း၊ သန်လျင်တပ်နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဆိပ်ကြီး)တွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ အား စာရေးကိရိယာများ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့။
- တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် တရုတ်စစ်ရေယာဉ်များပေါ်သို့ တက်ရောက်လေ့လာခဲ့ပြီး တရုတ်စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များအနေဖြင့် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက် လည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့။
အဆိုပါ စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် Senior Captain Sun Bo ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၇၀၀ ခန့်လိုက်ပါလာကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၁၁-၂၀၂၃)
- တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်စုစုပေါင်း ၇၀၀ ခန့်လိုက်ပါလာသည့် ဖျက်သင်္ဘော၊ ဖရီဂိတ်စစ်ရေယာဉ်နှင့် ထောက်ပံ့ရေးစစ်ရေယာဉ်တို့သည် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီးလည်ပတ်ရန် နိုဝင်ဘာလ ၂၇ ရက်တွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့။
- တရုတ်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာခဲ့ပြီး တပ်မတော်(ရေ)မှ တာဝန်ရှိသူများနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့သည့်အပြင် သန်လျင် တပ်နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဆိပ်ကြီး)တွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအား စာရေးကိရိယာများ လှူဒါန်းခဲ့။
Add new comment