နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်

      နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်းသိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့ အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိရာ-

  • နိုဝင်ဘာလ ၂၇ရက်တွင် တရုတ်နိုင်ငံသား အမျိုးသား ၄၆၆ ဦး၊ အမျိုးသမီး ၈၇ ဦး၊ စုစုပေါင်း ၅၅၃ ဦး ကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့။
  • နိုဝင်ဘာလ ၂၈ ရက်တွင် တရုတ်နိုင်ငံသား အမျိုးသား ၅၁၁ ဦး၊ အမျိုးသမီး ၂၀၃ ဦး၊ စုစုပေါင်း ၇၁၄ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့။
  • ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၈ ရက်အထိ တရုတ်နိုင်ငံ သားအမျိုးသား ၈,၈၂၃  ဦး၊ အမျိုးသမီး ၁,၀၈၅ ဦး၊ စုစုပေါင်း ၉,၉၀၈ ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့်စိစစ်ခြင်းများဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းများဆောင်ရွက်နိုင်ခဲ့။

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၁၁-၂၀၂၃)

 

  • နိုဝင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် တရုတ်နိုင်ငံသားအမျိုးသား ၉၇၇ ဦး၊ အမျိုးသမီး ၂၉၀ ဦး၊ စုစုပေါင်း ၁,၂၆၇ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့။
  • ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၈ ရက်အထိ တရုတ်နိုင်ငံ သားအမျိုးသား ၈,၈၂၃  ဦး၊ အမျိုးသမီး ၁,၀၈၅ ဦး၊ စုစုပေါင်း ၉,၉၀၈ ဦးတို့ကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ခဲ့။

Add new comment