နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရိုဟေးအား နိုဝင်ဘာလ ၂၉ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ရာ တွေ့ဆုံစဉ် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့အကြား မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဘက်စုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံကိန်းနှင့် ကယား ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်းစီမံကိန်းတို့၏ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေ၊ ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းဆိုင်ရာ ခေါင်းဆောင်မှုသင်တန်းပို့ချခြင်း စီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စက်မှုလက်မှုသင်တန်းစီမံကိန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းများ ဆောက်လုပ်ရေးစီမံကိန်းအရ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၁၁-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရိုဟေးအား လက်ခံတွေ့ဆုံ၍ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့။
Add new comment