မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၉ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

ဇန်နဝါရီလ ၁၃ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရန်ကုန် - မန္တလေးသွားကားလမ်း ဇလဲကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများ တင်ဆောင်လာကြောင်း သတင်းအရ စစ်ဆေးရှာဖွေရာ DONG FENF ၂၂ ဘီး တွဲကား မော်တော်ယာဉ်ပေါ်တွင် ဒေသကာလတန်ဖိုး ငွေကျပ် ၁၉ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက် တမင်း) ၉၉၀ ကီလိုနှင့် မြန်မာငွေကျပ် ၂၂ သိန်းတို့ကို ယာဉ်ပေါ်မှ တရားခံ ၂ ဦး၊ ယာဉ် အနီး မော်တော်ဆိုင်ကယ်မှ တရားခံ ၂ ဦး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်၊၊

အထက်ပါဖမ်းဆီးရမိသည့် တရားခံ ၄ ဦးကို ဥပဒေအရအရေးယူထားပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပါသည်။

  • မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် DONG FENF ၂၂ ဘီးတွဲ ကားမော်တော်ယာဉ်ပေါ်တွင် ဒေသကာလတန်ဖိုး ငွေကျပ် ၁၉ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၀ ကီလိုနှင့် မြန်မာငွေကျပ် ၂၂ သိန်း တို့ကို ဖမ်းဆီးရမိခဲ့၊၊

Add new comment