ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ All-China Youth Federation မှ Mr. Zhou Xiaop-ing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာလ ၂၆ ရက်တွင် နေပြည်တော်ရှိ Navata Hotel ၌ လက်ခံ တွေ့ဆုံခဲ့ရာ တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံမီဒီယာအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာအကူအညီပေးရေး၊ ပြည်သူများအကြား သတင်းအမှားများ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးနှင့် သတင်းအမှန်များ လျင်လျင်မြန်မြန်သိရှိနိုင်ရေး၊ နှစ်နိုင်ငံအစိုးရ ချင်းသာမက ပြည်သူများအချင်းချင်း ရင်းနှီးကျွမ်းဝင်နားလည်မှုရှိစေရေး၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားကဏ္ဍများတွင်လည်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။
ညနေပိုင်းတွင် Mr. Zhou Xiaoping ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ရောက်ရှိကြပြီး ပင်မအဆောက်အဦအတွင်း ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများကိုလည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတု ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့်စက်ပစ္စည်းများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်း များစသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားမှုများကို ကြည့်ရှုလေ့လာခဲ့ကြပြီးနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ မဟာဗောဓိဂြိုဟ်ရှစ်ခွင်ဘုရားဆီမီးတစ်ထောင် ပူဇော်ပွဲသို့တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁၁-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ All-China Youth Federation မှ Mr. Zhou Xiaop-ing ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့တွေ့ဆုံ၍ မြန်မာ-တရုတ်နှစ်နိုင်ငံမီဒီယာအချင်းချင်း အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရေးအပြင် နှစ်နိုင်ငံကုန်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားကဏ္ဍများတွင်လည်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာဆွေးနွေးခဲ့။
Add new comment