မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် ဘိန်းစိုက်ရာသီကာလ၌ ဘိန်းစိုက်ပျိုးမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဖျက်ဆီးမှု ဆောင်ရွက်နိုင်ရန် တောင်ပေါ်ဒေသကျေးရွာအုပ်စုအတွင်းရှိ ဘိန်းစိုက်ခင်းများကို ဇန်နဝါရီလ ၇ ရက်မှ ၁၃ ရက် အထိ ပူးပေါင်းစစ်ကြောင်းအဖွဲ့များက ပထမအကြိမ်သွားရောက် ဖျက်ဆီးခဲ့ကြပြီး မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ ဘိန်းစိုက်ပျိုးမှုပရောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်၊၊
အဆိုပါ ဘိန်းခင်းများဖျက်ဆီးရေး ပူးပေါင်းစစ်ကြောင်း အဖွဲ့ (၁)သည် နောင်ကျေးရွာ၊ တင်ပြင်းကျေးရွာနှင့် အထက်ဆင်လမ်းတွင် သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၂၁ ဒသမ ၅ ဧက ကိုလည်းကောင်း အဖွဲ့(၂)သည် ရေဖြူကျေးရွာ၊ ဘို့ကျေးရွာနှင့် ရှောက်ရင်းကျေးရွာတွင် သီး ပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၇ ဒသမ ၅ ဧက တို့ကို လည်းကောင်း သွားရောက်ဖျက်ဆီးခဲ့ကြပြီး ၂၀၂၂ ခုနှစ်၌ ပထမအကြိမ်အဖြစ် ဘိန်းစိုက်ခင်း ၂၉ ဧကကို ဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရပါသည်။
- မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ရှိ ပူးပေါင်းစစ်ကြောင်း အဖွဲ့(၁)သည် နောင်ကျေးရွာ၊ တင်ပြင်းကျေးရွာနှင့် အထက်ဆင်လမ်းတွင် သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၂၁ ဒသမ ၅ ဧကကိုလည်းကောင်း၊ အဖွဲ့ (၂)သည် ရေဖြူကျေးရွာ၊ ဘို့ကျေးရွာနှင့် ရှောက်ရင်းကျေးရွာတွင် သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၇ ဒသမ ၅ ဧက တို့ကိုလည်း ကောင်း သွားရောက်ဖျက်ဆီးခဲ့ကြပြီး ၂၀၂၂ ခုနှစ်၌ ပထမအကြိမ်အဖြစ် ဘိန်းစိုက်ခင်း ၂၉ ဧကကို ဖျက်ဆီးခဲ့။
Add new comment